Pages

Sunday, November 25, 2012

အချိန်အကြာဆုံး ဂိမ်းကစားသူအဖြစ် သြစတြေးလျနိုင်ငံသား ဂင်းနစ်စံချိန်တင်

Add caption

ဩစတြေးလျ နိုင်ငံသား တစ်ဦးသည် ကမ္ဘာပေါ်တွင် တစ်ထိုင်တည်း အချိန်အကြာဆုံး ဗီဒီယိုဂိမ်း ကစားသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
အိုကန်ကေယာသည် (၁၂၂)နာရီကျော် ဆက်တိုက် ဂိမ်းကစားကာ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်သစ်ကို တင်နိုင်
ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မကြာသေးမီကမှ ထွက်ရှိသည့် Call of Duty: Black Ops 2 ဂိမ်းကို ခေတ္တခဏ အချိန်
ပိုင်းမျှလောက်သာ အနည်းငယ်စီ အနားယူပြီး ဆက်တိုက် ထိုင်ကစားခဲ့ခြင်း ဖြစ်သည်။


ဂင်းနစ်မှတ်တမ်း အဖွဲ့က စံချိန်ဟောင်း (၁၂၀)နာရီ၊ (၇)မိနစ်ကို အိုကန်က ကျော်ဖြတ်နိုင်ခဲ့ကြောင်း အတည်ပြု
သွားသည်။ ယင်းစံချိန်ဟောင်းကို မတ်လအတွင်းက ကနေဒါ နိုင်ငံသား နှစ်ဦးက တင်ရှိထားခြင်း ဖြစ်သည်။ အို
ကန်က မိမိသည် စံချိန်တင်ရန် ရည်ရွယ်၍ တမင်တကာ ကြိုးစား ကစားခဲ့ခြင်းဟု ရှင်းပြခဲ့သည်။

"လွန်ခဲ့တဲ့ (၂)နှစ်လောက် ကတည်းက ဗီဒီယိုဂိမ်း အကြာဆုံး ဆက်တိုက် ကစားနိုင်တဲ့ စံချိန်ကို ဂင်းနစ်က သတ်
မှတ်ပေးတာကို သတင်းကြားမိခဲ့တယ်။ အဲဒီကတည်းက ခုလိုစံချိန်အတွက် ကြံစည်ခဲ့တာပါ။

အဲဒီတုန်းက အကြာဆုံးစံချိန်က (၅၄)နာရီပဲ ရှိတယ်။ ဒီနှစ်ဆန်းလောက်မှာ နာရီ(၁၂၀)ကျော်ထိ မြင့်တက်သွားခဲ့
တယ်လေ။ ကျွန်တော် တော်တော့်ကို ကြိုးစားလိုက်ရတယ်"ဟု အိုကန်က ဆိုသည်။ ၎င်းက စံချိန်အတွက် ကြိုး
စားနေစဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရသလို မျက်စိကို အနားပေးသည့် အချိန် စုစုပေါင်း နာရီ(၂၀)မျှ အ
သုံးပြုခွင့် ရခဲ့ကြောင်းလည်း ရှင်းပြသွားသည်။




Planet Myanmar Network:

0 comments:

Post a Comment