Pages

Sunday, November 25, 2012

ဘင်္ဂလားဒေ့ရှ် အဝတ်အထည်စက်ရုံ မီးလောင်ကျွမ်းမှု အနည်းဆုံး လူ ၁၂၀ ဦးသေဆုံး

bangladesh fire

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာတွင် ဖက်ရှင်အဝတ်အထည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၂၀ ဦးသေဆုံးပြီး အခြား လူအများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။
စနေနေ့ (နိုဝင်ဘာ ၂၄ ရက်) ညနှောင်းပိုင်းက အထပ် ၉ ထပ်ရှိ Tazreen ဖက်ရှင်အဝတ်အထည်စက်ရုံ မီးလောင်
ကျွမ်းမှုတွင် အလုပ်သမားများမှာ စက်ရုံအဆောက်အအုံအတွင်း ပိတ်မိခြင်းနှင့် အချို့မှာ အဆောက်အအုံပေါ်မှ
ကြာက်လန့်တကြား ခုန်ချရာမှ သေဆုံးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

bangladesh fire

မီးလောင်ကျွမ်းမှုမှာစက်ရုံအဆောက်အအုံ မြေညီထပ်မှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမီးလောင်မှုဖြစ်ရသည့်အကြောင်း
ရင်းကို အတိအကျ မသိရှိရသေးကြောင်း BBC သတင်းက ဖော်ပြသည်။

bangladesh fire

မီးသတ်သမားများမှာ မီးလောင်ကျွမ်းမှုကို အပြင်းအထန် ကြိုးပမ်းငြှိမ်းသတ်ခဲ့ရပြီး ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက်ပိုင်းတွင် မီးကို စတင်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ
တစ်ဆင့်  စတင် ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း ဒါကာမြို့တော် တာဝန်ရှိသူများက ပြောကြားသည်။


 Reuters News,Planet Myanmar Network:

0 comments:

Post a Comment