Pages

Sunday, November 25, 2012

အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်သို့ ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် ဆုရကလေးငယ် သုံးဦးတို့ တက်ရောက်

e5341


အာရှနိုင်ငံတကာ ကလေးများရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ဒါရိုက်တာကြည်ဖြူသျှင်နှင့် ဆုရရှိသည့် ကလေး
ငယ်သုံးဦးတို့သည် ဂျပန် နိုင်ငံသို့နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စတင်ထွက်ခွာ သွားခဲ့သည်ဟု သတင်း ရရှိသည်။ အဆိုပါခရီးစဉ်မှာ တစ်ပတ်ခန့်ကြာမြင့်မည်ဖြစ်ပြီး နိုဝင် ဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာ
လာရန် စီစဉ်ထားသည်ဟု သိရှိရသည်။


“နှစ်စဉ်ယှဉ်ပြိုင်နေကျ ဖြစ်တဲ့ ဂျပန်-မဲခေါင်ကလေးများ ရုပ်ရှင်ပွဲတော်ကို အခုနှစ်မှာလည်း ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ၁၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ သူတို့ရဲ့ profile တွေကိုဖယ်ပြီးတော့ သူတို့ ဖန်တီးထားတဲ့ လက်ရာတွေကိုကြည့်ရှုစစ်ဆေးခဲ့တာပါ။

ဒီလိုရွေးချယ်ရာ မှာလည်း ဒါရိုက်တာအလွှာက ကြီးငယ်လတ် ဒါရိုက်တာ ၁၅ ဦးကို ပါဝင် စစ်ဆေးစေခဲ့ပါတယ်။ အဲဒီထဲကမှ မျိုးဆက်သစ် အနုပညာရှင်တွေကို စစ်မှန်စွာနဲ့ ရွေးချယ်ခဲ့တာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်း က ရှင်းပြခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် ဇာတ်ကားတို တစ်ကားအား ရိုက်ကူးခဲ့သူ ကလေးသရုပ်ဆောင် ယွန်းယွန်း ကလည်း “ယွန်းယွန်းဒီပြိုင်ပွဲလေး ခေါ်တာတွေ့တော့ စိတ်ဝင်စားတာနဲ့ ၀င်ပြိုင်ဖြစ်သွားတာပါ။ ယွန်းယွန်း စိတ်ကူး
ထဲမှာရှိတဲ့ အတိုင်းလေးပဲ ရိုက်ကူးဖြစ်တာ။ ဒါပေမယ့် အခုလို ဆုရွေးချယ်ခံရတယ် ဆိုတာသိတော့ အရမ်းဝမ်း
သာမိတယ်” ဟု သူ၏အ တွေ့အကြုံအား ရှင်းပြခဲ့သည်။

ဆုဝင့်မွန် ၏ ‘Built up your life with affection’၊ သူဟန်သွယ်၏ ‘Life for you’၊ ယွန်းသဒ္ဓါအောင် (ယွန်းယွန်း) ၏ ‘Meaning of life for you’ ဇာတ်ကားများ ဖြစ်သည်။


Eleven Media:

0 comments:

Post a Comment