Pages

Sunday, November 25, 2012

စစ်တွေမြို့တွင် ပုံစံ (၁၇) တစ်စောင်လျင် ငွေ ၁၅၀၀၀ ကျပ်အထိပေးနေရ

စစ်တွေမြိ့မှ ပုံစံ(၁၇) ထုတ်ပေးသည့် ဌာနတစ်ခုမှ ပုံစံ တစ်စောင်လျင် ငွေ ကျပ် တစ်သောင်းငါးထောင်အထိ တောင်းယူနေကြောင်းသိရသည်။ထိုသို့တောင်းယူနေခြင်းသည် ပုံစံစာရွက်တစ်စုံအတွက် ထုတ်ပေးဈေးနုန်း အား အစိုးရမှ မည်ရွေ့မည်မျှ ပေးရမည်ဆိုသည်ကို မသိရှိရသော်လည်း ထိုသို့ ပေးနေရခြင်းအပေါ် ဒေသခံများ မကျေမနက်ဖြစ်နေကြကြောင်း သိရသည်။ ပုံစံ ၁၇ စာရွက်များ ထုတ်ယူသူတစ်ဦးက '' ဘယ်လောက်ပေးရမယ်ဆိုတာ ကို အစိုးရက သတ်မှတ်ချက်ထုတ်ပေးထားတာလည်းမရှိတော့ တောင်းသ လောက် ပေးခဲ့ရတာပဲ။ အဲဒါတောင် လျော့ပြိးပေးလိုက်တာလို့ ပြောသေး တယ်။ 
 အစိုးရက တရားဝင် ယူခွင့်ပေးထားတာကို ဒီလိုလျော့ပေးလို့ရသလား။ သူတို့တောင်းချင်သလောက်တောင်းယူနေတာဖြစ်တယ်။ ဒါကြောင့် အစိုးရ အ နေနဲ့ စာရွက်စာတမ်းဆိုင်ရာ ထုတ်ပေးရတဲ့အပိုင်းမှာ ရုံးတွေကို တရားဝင်ယူ ခွင့် သတ်မှတ်ပေးထားဖို့လိုပါတယ်။ 
ဘယ်စာရွက်စာတမ်းလိုရင် ဘယ် လောက် ပေးဝယ်ရမယ်ဆိုတာမျိုးတွေလုပ်ထားသင့်တယ်။ ငွေ တစ် သောင်း ခွဲ ဆိုတာ နည်းတဲ့ပမာဏမဟုတ်ဘူး။ ပြည်သူက ချွေးနဲ့ရင်းပြီးရှာ တာကို သူတို့တွေက ပေးရမယ်ဆိုတဲ့ ပုံစံနဲ့တောင်းယူနေကြတာ အခြားရုံးတွေ မှာလည်း ဒီလိုမျိုးတွေ ရှိနေမှာသေချာတယ်။
အစိုးရအဖွဲ့အနေနဲ့လည်း လုပ် သင့်တာလေးတွေလည်းလုပ်ကြပါလို့ ပြောချင်တယ'' ဟုမကြာသေးမီရက် အတွင်းက ပုံစံ ၁၇ စာရွက်စာတမ်း ၀ယ်ယူခဲ့ရသူတစ်ဥိးက ပြောပါသည်။

ထိုသို့ လဒ်စားမှုများ၊ အကျင့်ပျက်ခြစားမှုများ၊လက်ဖြန့်တောင်းယူနေခြင်း များ သည် အစိုးရသိက္ခာကျအောင်လုပ်နေခြင်းဖြစ်ပြီး ၀န်ထမ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ကြရန်လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။

ထိုလိုအပ်ချက်များ တိုင်ကြား၍ ရမည်ဆိုလျင် ပြည်သူများအနေဖြင့် တိုင် ကြား ပေးမည်ဖြစ်ကြောင်း၊ ဘယ်သူ့ကို တိုင်ရမည်ဆိုသည်ကိုသာ အတိအလင်း ထုတ်ပြန်ရန် လိုအပ်ကြောင်းလည်းသိရသည်။

  Rakhine Straight Views

0 comments:

Post a Comment