Pages

Sunday, November 25, 2012

မြန်မာနိုင်ငံမှ ပလတ်စတစ်အိတ်အပါး(ကြွပ်ကြွပ်အိတ်)များကို ဂျပန်နိုင်ငံသို့တင်ပို့မည်

thn-26-11-12-3
ဂျပန်နိုင်ငံသို့တင်ပို့မည့် ပလတ်စတစ်အိတ်များ ထုတ်လုပ်နေမှုအား တွေ့ရစဉ်
မြန်မာနိုင်ငံရှိ Lucky Bag ပလတ်စတစ်အိတ်လုပ်ငန်းမှ ထုတ်လုပ်သည့် ပလတ်စတစ်အိတ်ပါး(ကြွပ်ကြွပ်အိတ်) (HDPE အမျိုးအစား) များကို ဂျပန်နိုင်ငံသို့ ယခုလကုန်တွင် စတင်၍ တင်ပို့သွားမည်ဖြစ်ကြောင်း Lucky Bag ပလတ်စတစ်အိတ် ထုတ်လုပ်ရေးလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးလှဝင်း၏ ပြောကြားချက်အရ သတင်းရရှိသည်။


ဂျပန်နိုင်ငံတွင် မီးဖိုချောင်ပစ္စည်းများ ထည့်သွင်းရာတွင် သုံးစွဲရန်အတွက် (Kitchen Pack) များ တင်ပို့မည်ဖြစ်ပြီး ပလတ်စတစ် အိတ်များတွင် အမှတ်တံဆိပ်ရိုက်နှိပ်မထားသော အိတ်အလွတ်သားများသာ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပို့ရန်အတွက် ဂျပန်နိုင်ငံမှ ကုမ္ပဏီအဖွဲ့အချို့က လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်ခန့် ကတည်းက စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဂျပန်မှကုမ္ပဏီအဖွဲ့အစည်းမှ ပြီးခဲ့သည့်လများအတွင်း သုံးခေါက်ခန့် လာရောက်ခဲ့ကာ တင်ပို့ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ဂျပန်ကုမ္ပဏီအဖွဲ့ သုံးလေးဖွဲ့လောက်လာပြီး ကမ်းလှမ်းတာပါ။  အခုလောလောဆယ်တော့ သူတို့က မီးဖိုးချောင်သုံးပစ္စည်းထည့်တဲ့အိတ် (Kitchen Pack) ကိုစပို့ဖို့ပြောတယ်။ နောက်ပိုင်းတော့ Shopping Bag တွေ၊ အိတ်ကြီးတွေအထိမှာမယ်။ သူတို့ကို ဒီကထုတ်တဲ့ အိတ်နမူနာ သုံးခါလောက် စမ်းပို့ကြည့်တာ။

အခု ကြိုက်လို့ တင်ပို့ဖို့မှာတာပါ။ အခုလကုန်မှာ တင်ပို့မှာဖြစ်ပြီး သုံးလို့အဆင်ပြေရင် ထပ်မှာမယ်လို့ပြောတယ်။ ဟိုကပို့တဲ့ အခါမှာလည်း ကျွန်တော်တို့ Lucky Bag  အမှတ်တံဆိပ်နဲ့မဟုတ်ဘဲ အိတ်အလွတ်တွေပဲ။ ဟိုရောက်မှမှာတဲ့ ဂျပန်ကုမ္ပဏီက သူတို့ အမှတ်တံဆိပ်ကပ်ပြီး ပြန်ရောင်းမှာပါ။

အခုမှစပို့တာဆိုတော့  လောလောဆယ် ဒီကနေအကျိုးအမြတ် ဘာမှမရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်နိုင်ငံက အရည်အသွေးကောင်းမှကြိုက်တာ။ အဲဒီအတွက် ထိန်းပြီးလုပ်နေရလို့ပါ''ဟု Lucky Bag ပလတ်စတစ်အိတ်ထုတ်လုပ်ရေးလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးလှဝင်းက ပြောပြခဲ့သည်။

ယခုလကုန်တွင် ပထမဆုံးအဖြစ် ကွန်တိန်နာတစ်လုံး(၁၃ တန်)ဖြင့် ပလတ်စတစ်အိတ်များစတင်တင်ပို့သွားမည်
ဖြစ်ပြီး မလေးရှား၊ တရုတ်၊ ဗီယက်နမ်စသောနိုင်ငံများမှ ဂျပန်နိုင်ငံသို့ ပလတ်စတစ်အိတ်များ တင်ပို့နေရာ မြန်မာ့
ပလတ်စတစ်အိတ်များမှာ ၎င်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

''အဓိကတော့ Export ဈေးကွက်ရချင်တာရယ်၊ ဒီအလုပ်တွင် ကျယ်မယ်ဆိုရင် ပလတ်စတစ်လောကသားတွေ
လည်း အလုပ်ရမယ်။ အလုပ်သမားတွေလည်း အလုပ်အကိုင်ရစေချင်တဲ့အတွက် ရည်ရွယ်ပြီးပို့တာပါ။ အောင်မြင်
မယ်လို့တော့ မှန်းထားပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက ဒီမှာက မီးမမှန်တာပဲ။ ထုတ် တဲ့အိတ်တွေရဲ့အရည်အ
သွေးကလည်း မီးပေါ်မှာလည်း အများကြီးမူတည်ပါတယ်''ဟု ဦးလှဝင်းက ဆက်လက် ပြောပြခဲ့သည်။

မြန်မာနိုင်ငံမှ ပလတ်စတစ်အိတ်များကို တရားဝင်အနေဖြင့် ဂျပန်နိုင်ငံသို့ ပထဆုံးအကြိမ်တင်ပို့ခြင်းဖြစ်ကြောင်း၊ ယခုဂျပန်နိုင်ငံသို့ တင်ပို့သည့် ပလတ်စတစ်အိတ်များမှာ ပြည်တွင်း၌ ထုတ်လုပ်သုံးစွဲခွင့်မပြုသည့် အိတ်အမျိုးအ
စားဖြစ်ကြောင်း သိရသည်။


Eleven Media:

0 comments:

Post a Comment