Pages

Sunday, November 25, 2012

စစ်ကိုင်း အောင်တော်မူ မြနန္ဒာ ဘုရားအနီးရှိ ရေသိုလှောင်ကန်ပြိုကျ

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/546822_509591885726403_1650786290_n.jpg

စစ်ကိုင်းတောင်ရိုးရှင်ဖြူရှင်လှဘုရားသို့သွားရာလမ်းအနီးအထက်မင်းဘူးချောင်တောင်ပေါ် ရှိ အောင်တော်
မူမြနန္ဒာ ဘုရား အနောက်ဘက်တောင် ကမ်းပါး ယံတွင် ဆောက်လုပ် ထားသော ရေသိုလှောင်ကန်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရုတ်တရက် ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။angon Media Group
"မနက်ခင်း ကထိန်လှူဒါန်းဖို့ ဆွမ်းချက်နေတုန်း ဝုန်း ဆို အသံကြီးကြားပြီး ပြိုကျတာ ရေကန်ပွင့် ထွက်ပြီး ရေတွေလျှံထွက်ကုန်တယ် ငလျင်လှုပ်တယ် ထင်ပြီး တော်တော် လန့်သွားကြတယ်" ဟု အထက်မင်းဘူးချောင် ကျောင်းတိုက်တွင် ကထိန်ခင်းလှူဒါန်းမည့် သပိတ်ကျင်းမြိုနယ် ချောင်းကြီးရွာမှ ကထိန် အလှူရှင် အမျိုးသမီးက ပြောပြသည်။ 
 
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/546822_509591885726403_1650786290_n.jpg

ယခုပြိုကျပျက်စီးသွားသည့် ရေကန်မှာ လွန်ခဲ့သည့် နှစ် ၅ဝခန့်က ဆောက်လုပ်ခဲ့သည့် ကန်ဖြစ်ကြောင်း သိရသည်။ 
 
ယင်းနှင့် ပတ်သက်၍ အထက် မင်းဘူးချောင် ကျောင်းတိုက်ဆရာတော် ဦးသုမနက "ရေကန်ပြိုတော့ တောင်နံရံတစ်ခုလုံး မီးခိုးလုံးလို ဖုန်လုံးကြီးထသွားတယ် ၊ ဘုန်းကြီး ဒီကျောင်းရောက်တာ ၃၃ နှစ်ရှိပြီ အရင်ဆရာတော်ကြီးတွေလက်ထက်ကတည်းက တည်ခဲ့တဲ့ရေကန်ပါ အလျား ၁၈ တောင် အနံ ၉ တောင် အနက် ၁ဝတောင်ရှိတယ် ၊ 
 
အရင်က ရေ တစ်ပေ နှစ်ပေလောက်ပဲထည့်တယ် အခုရေကို ၅ တောင် အထိဖြည့်ထားတယ် ၊ ကထိန်ခင်းလာတဲ့ ရွာကလူတွေများတော့ သုံးစွဲရအောင် ဆိုပြီးတော ဖြည့်ထား တာပါ၊ အရင်ရက်ပိုင်းကလှုပ်သွားတဲ့ ငလျင်ကြီး နဲ့လည်း ဆိုင်မယ်ထင်တယ် ဘုန်းကြီးတို့ ငလျင်လှုပ်ပြီးတော့ မစစ်ဆေး ဖြစ်သေးဘူး ၊လူတွေအများကြီးရှိပေမယ့် အထိအခိုက်မများတာ တော်သေးတယ် ၊ 
 
အာဂန္ဒု ဦးပဇင်းတစ်ပါးပဲ ထိခိုက်တာရှိပါတယ် " ဟု မိန့်ကြားခဲ့သည်။ အဆိုပါ ရေကန်ပြိုကျမှုကြောင့် ရှင်ဖြူရှင်လှ ဘုရားသွားလမ်းမှာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်းသိရသည်။
 
 

0 comments:

Post a Comment