Pages

Sunday, November 25, 2012

နယ်စပ်အနီးချဉ်းကပ်လာသည့် ပါလက်စတိုင်းတို့အား အစ္စရေးပစ်ခတ်

နယ်စပ်အနီးချဉ်းကပ်လာသည့် ပါလက်စတိုင်းတို့အား အစ္စရေးပစ်ခတ်

နယ်စပ်စည်းအနီး အင်အားသုံး ချဉ်းကပ်လာသည့် ပါလက်စတိုင်းတို့ကို အစ္စရေးဘက်က ပစ်ခတ်သဖြင့် (၁)ဦး
သေဆုံးကာ (၉)ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ဟားမတ်စ်တို့နှင့် အပစ်အခတ် ရပ်စဲရန် ညှိနှိုင်းထားသော်လည်း မိမိတို့ နယ်နိမိတ် စည်းမျဉ်းကို ကျူးကျော်ရန်
 ပြင်ဆင်လာသည့် ပါလက်စတိုင်းတို့ကို မဖြစ်မနေ ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း အစ္စရေးဘက်က အတည်ပြု
ခဲ့သည်။
(အစ္စရေးနှင့်ပါလက်စတိုင်း နယ်စပ်ခြံစည်းရိုး)
ထို့အပြင် ဂါဇာဘက်မှ ဒေါသတကြီး ရန်မူရန် ချဉ်းကပ်လာသူများကြောင့် မိမိတို့ ကာရံထားသည့် နယ်နိမိတ် စည်းရိုးတွင်လည်း ထိခိုက် ပျက်စီးမှုများ ရှိခဲ့ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့သည်။

လက်ရှိတွင်မူ ဂါဇာဝန်ကြီးချုပ် အစ္စမေးလ် ဟေနီယာက ဟားမတ်စ် စစ်သွေးကြွများအား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လေးစားမှု ထားပါရန် ပန်ကြားထားသည်။

0 comments:

Post a Comment