Pages

Sunday, November 25, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကိုအမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်

ha-25-11-5



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်
ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှရဲချုပ်ကျော်ကျော်ထွန်းကပြောကြား
ခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာ တပ်ဆင်သွားရန်အတွက် ရန်ကုန်
တိုင်းေ ဒသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ပနိုင်ငံအချို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေ
ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်က “ရန်ကုန်တိုင်းထဲမှာရှိတဲ့ လမ်းမတွေအားလုံးမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ပြီးတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးဖို့ ၂၀၁၀ ပြည့်နှစ်ကတည်းက စီစဉ်ထားပါတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။အခုလည်းပြန်လည်ဆောင်ရွက်
ဖို့ကို စီစဉ်နေပါပြီ” ဟု ပြောကြားခဲ့သည်။
 
“ရဲတပ်ဖွဲ့တွေအနေနဲ့လုပ်စရာတွေအများကြီးရှိတယ်။ပစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုပါ၊၊ငွေကြေးရှိမယ်ဆိုရင်တော့အများကြီးလုပ်သင့်ပါတယ်”ဟု ရဲချုပ်ကျော်ကျော်ထွန်းက
ပြောကြားခဲ့သည်။           
Eleven Media Group

0 comments:

Post a Comment