Pages

Sunday, November 25, 2012

တရုတ် ကျေးဇူး ကြီး မား ၍ ကျေးဇူး ပြန် ဆပ် သင့် ဟု ၀န်ကြီး ဦးအောင်မင်း ပြော

မုံရွာ ခရိုင် ဆားလင်းကြီး မြို့  နယ် အတွင်း က လက်ပံတန်းတောင် ကြေးနီ စီမံ ကိန်း ကိုဦးစီးလုပ်ဆောင် နေ တဲ့
တရုတ် ၀ှမ်ပေါင် ကုမ္ပဏီ နဲ့  ဦးပိုင် ရဲ့  လုပ်ငန်း တွေ ကို ရပ် တန့် ဖို့  ဆန္ဒပြ နေ တဲ့ ဒေသခံ တွေ ၊ အလုပ်သမား
၊ ကျောင်းသား ၊ သံဃာ တော် တွေ ရဲ့  သပိတ် စခန်း ကို ရောက် ရှိ လာ တဲ့ ဦးအောင်မင်း က ဆန္ဒပြ ခေါင်းဆောင်
 တွေ ကို ပြောကြားရာမှာ”တရုတ် က မူဆယ် ဘက်က နေ ပစ္စည်းတွေ သွင်း ပေး ပြီး ထမင်း ကျွေးထား ကြောင်း ၊ တရုတ် ကျေးဇူး ကြီး မား ကြောင်း ၊ တရုတ် နိုင်ငံ ရဲ့  ကျေးဇူး ကို ကာ ပြန် ရင် အ၀ီစိ ငရဲ မှာ နောက် ဘုရား မပွင့် မချင်း နေရ မှာ ဖြစ် တယ် ” လို့  ပြောကြား ခဲ့ တယ် လို့  ဦးအောင်မင်း နဲ့  ဆန္ဒပြ ခေါင်းဆောင် တွေ တွေ့  ဆုံ ပွဲ ကို
တက်ရောက် ခဲ့ တဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း စောင့် ရှောက် မှု ရေး ရာ တက် ကြွ လှုပ်ရှားသူကို ကျော်ဦး
ထွန်း က FNG ကို ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း နဲ့ ဦးလှမောင် ရွှေ တို့  ရောက် ရှိ လာ ပြီးဆန္ဒပြ သူ တွေ ကို ညှို နိုင်း ခဲ့ ကြောင်း
သပိတ် စခန်း ရဲ့  သဘောထား ကို ယူ ပြီး အထက် ကို တင် ပြ ပေး မှာသည်းခံ စိတ်ရှည် ကြ ဖို့  နဲ့ ပုတီးစိပ် ၊ တရား
ထိုင် ဖို့  လည်း သူ က ထပ်လောင်း ပြော ခဲ့ တယ် လို့  ၀ှက်မှေး ကျေး ရွာ သူ တစ်ဦးက FNG ကို ပြောပါတယ်။

ဝက်မှေး ကျေး ရွာ သူ မသွဲ့  သွဲ့ ဝင်း က တော့ တရုတ် ဟာ မြန်မာ နိုင်ငံ ရဲ့  သယံဇာ တ တွေ ကို ကုပ် သွေး စုပ်
နေ ကြောင်း ၊ ပြည်သူ တွေ လုံးဝ မခံ စား ရ ဘဲ တရုတ် အစိုးရ ၊ ခရို နီ တွေ နဲ့  မြန်မာအာ ဏာ ပိုင် တွေ သာ ခံ
စား နေရ လို့  လုံး ၀ ကျေးဇူး မဆပ် နိုင် ကြောင်း ပြန်လည် ပြော ခဲ့ ပါတယ်။

လက် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုနေတဲ့ကိစ္စကို ကွင်းဆင်း စစ်ဆေးပေး
ဖို့ ကို လည်း ဒီနေ့  လွှတ်တော် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦး က တင် သွင်း ခဲ့ တာ
 ကို ထောက်ခံ အတည် ပြု ခဲ့ ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ် ဆိုင်း ဖို့  အတွက် ပြော နေ ကြ ပေမယ့် အဲဒီ ဒေသ မှာ ပုဒ်မ ၁၄၄
 ထုတ် ထား တာ ကြောင့် ရပ်ဆိုင်း ဖို့  ဆက် အရေး ဆို နိုင် ရင် အန္တရာယ် ရှိ နိုင်တယ် လို့  သူ က သတိ ပေး ခြိမ်း
ခြောက် တဲ့ ပုံ စံ နဲ့  လည်း ပြော ဆို ခဲ့ တယ် လို့  ဆိုကြ ပါတယ်။

ဆားလင်းကြီး ဒေသ က ပြည်သူ တွေ ရဲ့  အခွင့် အရေး နဲ့  သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး ကို ပူးပေါင်း
 တဲ့ အနေ နဲ့  ရန်ကုန် မန္တလေး နဲ့  အခြား မြို့  ကြီး ၁၈ မြို့  လောက် မှာ လက်ပန်းတောင် တောင် တရုတ် ကြေးနီ
 စီမံ ကိန်း ရပ် တန့်  ရေး ဆန္ဒ ထုတ် ဖော် ပွဲ ကို နိုဝင် ဘာလ ၂၇ ရက်နေ့ မှာ ကျင်း ပ မှာ ဖြစ်ပါတယ်။
 

FNG

0 comments:

Post a Comment