Pages

Sunday, November 25, 2012

မှားယွင်းစွပ်စွဲမှုအတွက် ချယ်လ်ဆီးအသင်းကို ဒိုင်လူကြီးက တရားပြန်စွဲရန်စီစဉ်

မှားယွင်းစွပ်စွဲမှုအတွက် ချယ်လ်ဆီးကို ဒိုင်လူကြီးက တရားပြန်စွဲရန်စီစဉ်

လူမျိုးရေး ခွဲခြားမှု ပြုလုပ်ကြောင်း မိမိကို မှားယွင်း စွပ်စွဲမှုအတွက် ဒိုင်လူကြီး မာ့ခ် ကလေတန်ဘာ့ဂ်က ချယ်လ်
ဆီး အသင်းကို တရားပြန်စွဲရန် စီစဉ်နေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ကလေတန်ဘာ့ဂ်က ချယ်လ်ဆီး ကွင်းလယ်လူ ဂျွန်အိုဘီ မီခေးလ်ကို လူမျိုးရေး ခွဲခြား ပြောဆိုခဲ့ကြောင်း အသင်းက အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)ထံ တိုင်ကြားခဲ့သည်။


FAက (၄)ပတ်မျှ အချိန်ယူ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကလေတန်ဘာ့ဂ်က မီခေးလ်ကို လူမျိုးရေး ခွဲခြား
ကြာင်း ခိုင်လုံသော သက်သေ အထောက်အထား လုံးဝ မရှိဟု ပြောဆိုကာ ချယ်လ်ဆီး၏ စွပ်စွဲချက်အား အပြီး
တိုင် ပယ်ချခဲ့သည်။ ထို့အပြင် ဒိုင်လူကြီးအပေါ် မှားယွင်းစွပ်စွဲသော နိုက်ဂျီးရီးယား လက်ရွေးစင် မီခေးလ်ကိုင်္ FA
ပန်လည် စွဲချက်တင်ခဲ့သည်။

ယခုအခါ ကလေတန်ဘာ့ဂ်က မိမိကို စိတ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက် ညစ်နွမ်းစေခဲ့သည့် ချယ်လ်ဆီးအား တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။


အသက်(၃၇)နှစ်ရှိ ကလေတန်ဘာ့ဂ်က ယခုကိစ္စသည် မိမိ၏ ပရော်ဖက်ရှင်နယ် ဘဝတွင် အဆိုးရွားဆုံး စွပ်စွဲခံ
ရမှုဖြစ်ပြီး မိမိ၏ အသက်မွေးဝမ်းကျောင်းမှုကိုပင် ပျက်စီးသွားစေနိုင်ကြောင်း ပြောဆိုထားသည်။

ကလေတန်ဘာ့ဂ်သည် စစ်ဆေးမှု ပြုလုပ်နေစဉ် အတောအတွင်း ဒိုင်အဖြစ် လုပ်ဆောင်ခြင်း မရှိခဲ့သော်လည်း တနင်္ဂနွေနေ့တွင် ဝက်စ်ဟမ်း ယူနိုက်တက်နှင့် တော့တင်ဟမ် ဟော့စပါး အသင်းတို့ ကစားမည့် လန်ဒန်ဒါဘီ၌ စတုတ္ထဒိုင်အဖြစ် ပြန်လည် ဆောင်ရွက်မည် ဖြစ်သည်။

၎င်းသည် ဗုဒ္ဓဟူးနေ့တွင် ဆောက်သမ်တန်နှင့် နောဝှစ်ခ်ျစီးတီးတို့ စိန့်မေရီ၌ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင်မူ ကွင်း
လယ်ဒိုင် တာဝန်ကို ထမ်းဆောင်သွားမည်ဟု သိရှိရသည်။




Planet Myanmar

0 comments:

Post a Comment