Pages

Sunday, November 25, 2012

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ဟိုတယ်အခန်းတခုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးနေ


ရန်ကုန်၊ နိုဝင်ဘာလ ၂၅ 

ရန်ကုန်မြို့၊ဒါပုံမြို့နယ်၊ဆိပ်ကမ်းသာလမ်းနှင့်န၀ဒေးလမ်းထောင့်ရှိသီရိစံဟိုတယ်တွင်အမျိုးသမီးတစ်ဦးအလောင်း
တစ်လောင်းအား ယနေ့ နေ့လည်ပိုင်းတွင် တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ အသက်ခံရသည်ဟုယူဆရပြီး သီရိစံ ဟိုတယ်အား ရဲဝန်ထမ်းများက အပြင်လူများ မ၀င်စေ
ဘဲ စစ်ဆေးလျက်ရှိကြောင်းသိရသည်

“ကြားတာကတော့ အဲဒီအမျိုးသမီးက မနေ့ကကတည်းက ဒီဟိုတယ်မှာဌားထားတာ၊တစ်နေကုန်လူပြန်လာတာ
မတွေ့တော့ ဟိုတယ်က ၀င်ကြည့်တဲ့အခါ ကုတင်အောက်မှာအလောင်းတွေ့တယ်လို့ကြားတယ်”ဟုအနီးပတ်ဝန်း
ကျင်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ယခုလက်ရှိ အခြေအနေများနှင့် ဆက်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများအား မေးမြန်းခွင့် မရှိသေးကြောင်း အ
ခင်းဖြစ်ပွား ရာသို့ ရောက်ရှိနေသည့် မြန်မာ့ခေတ်မှ သတင်းထောက်မှ ပေးပို့သည်။

အခန်းအမှတ် (၈)တွင် သေဆုံးခြင်းဖြစ်ပြီး နေ့လည် ၁၂နာရီခန့်တွင် သေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ခန့်မှန်းယူ
ဆထားသည်။
 
 
The Myanmar Age 

0 comments:

Post a Comment