Pages

Thursday, October 25, 2012

ရခိုင်ပြည်တွင် ယခုဖြစ်ပေါ်နေသော ပဋိပက္ခများ အမြန်ဆုံးရပ်တန့်ရန် RWUမှ မေတ္တာရပ်ခံ

RWU Request


 အောက်တိုဘာလ(၂၁)ရက်နေ့မှစတင်ဖြစ်ပွားခဲ့သောပဋိပက္ခများအားအမြန်ဆုံးရပ်တန့်ရန် ရခိုင်အမျိုးသမီး အစည်းအရုံးမှ မေတ္တာ ရပ်ခံချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။"ပထမဆုံး ဖြစ်နေ တဲ့ ပြဿနာကိုရပ်တန့်စေချင်ပါတယ်၊ ထိခိုက်နစ်နာမှုတွေက တော်တော်လေးကိုများနေ
ပြီ။အဲဒါကြောင့်ဖြစ်နေတဲ့ဆူပူမှုကိုအမြန်ဆုံးရပ်တန့်ပြီးမှအနာဂတ်မှာဘယ်လိုလုပ်ရမလဲစဉ်းစားလုပ်ဆောင်
နိုင်ကြမှာဖြစ်တယ်။ဒါကြောင့်ပထမဆုံးအနေနဲ့အခုဖြစ်နေကြတဲ့ဆူပူမှုကိုရပ်လိုက်ကြပါတော့ လို့ မေတ္တာရပ်
ခံခြင်းဖြစ်ပါတယ်"ဟု ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဥက္ကဌ စောမြရာဇာလင်းက ပြောသည်။

RWU Request
ရခိုင်ပြည်တွင်းဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများကို ရပ်တန့်စေပါရန် မေတ္တာရပ်ခံခြင်း
မင်းပြား၊မြောက်ဦးမြို့များတွင် အောက်တိုဘာလ(၂၁)ရက်နေ့မှ စတင်ဖြစ်ပေါ်နေသော ဒေသခံရခိုင်များနှင့် တစ်ဖက်နိုင်ငံမှဝင်ရောက် အခြေချနေထိုင်လာသူ ဘင်္ဂလီမူဆလင်မျိုးဆက်များအကြား ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများရပ်တန့်ရန် ကြိုးစားသင့်ကြောင်း ပြည်သူလူထုတစ်ရပ်လုံးသို့  မေတ္တာရပ်ခံလိုက်ပါ
သည်။
 
ယခုဖြစ်ပေါ်နေ ဆူပူအကြမ်းဖက်မှုတွင် သံဃာတော်များပျံလွန်တော်မူရခြင်း၊ ထိခိုက်နာကျင်မှုဖြစ်ရခြင်း၊ လူအများအပြားသေဆုံးနေခြင်း၊သွေးထွက်သံယို၊အနာတရဖြစ်နေကြရခြင်းတို့ကိုကြားသိရ၍ မိမိတို့မှများစွာ စိတ်မကောင်းခံစားနေရပါသည်။ရခိုင်ပြည်အတွင်းယခုဖြစ်ပေါ်နေသောဆူပူအကြမ်းဖက်မှုများသည်ရခိုင်ပြည်
အတွက်သာမကမြန်မာတစ်နိုင်ငံအတွက်အထူးစိုးရိမ်ဖွယ်ရာကြောက်မက်ဖွယ်ရာအန္တရာယ်ဆိုးကြီးဖြစ်ကြောင်း
 မိမိတို့မှ အခိုင်အမာသုံးသပ်လျှက်ရှိနေပါသည်။
ဤသို့ပြဿနာဖြစ်ပေါ်အောင် သွေးထိုးလှုံဆော်နေကြသော အခြေခံအကြောင်းရင်းများရှိနေသည်ကို သက်ဆိုင်ရာအစိုးရမှ မဖြစ်မနေသေချာစွာစီစစ်၍ဖေါ်ထုတ်ရန် အထူးအရေးကြီးကြောင်း လည်း ဖေါ်ပြ အပ်ပါသည်။ သို့သော် ဆူပူမှုဆက်တိုက်ဖြစ်ပေါ်နေပါက ပြဿနာ၏ဇစ်မြစ်ကို အစိုးရ အနေနှင့်ဖြစ်ေ စ၊ နိုင်ငံရေးပါတီများအနေနှင့်ဖြစ်စေ၊ အဖြေရှာရန် အထူးခက်ခဲပါလိမ့်မည်။သို့ဖြစ်၍ ပထမအဆင့်အနေနှင့် ဆူပူမှုများရပ်တန့်အောင် အမြန်ဆုံးဆောင်ရွက်ပါရန် နိုင်ငံတော်အစိုးရ၊ ဘာ သာရေးခေါင်းေ ဆာင်ကြီး များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ မြို့ မိမြို့ဖ၊ ရပ်မိရပ်ဖများကို မိမိတို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ မေတ္တာရပ်ခံအပ်ပါသည်။
ထို့နောက် အနာဂတ် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ယခုဖြစ်ပေါ်နေသောဆိုးကျိုးများ နောင်တွင် လုံးဝမဖြစ်ရအောင်မည်သို့ကြိုးပမ်းကြရမည်ကို ရခိုင်ခေါင်းဆောင်များနှင့် နိုင်ငံတော် အစိုးရတို့မှ သေချာစွာ စဉ်းစား အဖြေရှာရမည် ဖြစ်ကြောင်းလည်း ထုတ်ဖေါ်လိုက်ပါသည်။
 
သို့ဖြစ်၍လက်ရှိအခြေအနေကို အမြန် ဆုံးငြိမ်းအေးစေရန် ဘာသာရေးခေါင်းဆောင်များ၊ လူရိုသေရှင်ရိုသေ မြို့မိမြို့ဖ၊ရပ်မိရပ်ဖများ၊အစိုးရတာဝန်ရှိသူများနှင့်နိုင်ငံရေးပါတီများမှခေါင်းဆောင်ကြီးများကအမြော်အမြင်
ကြီးစွာဖြင့်ထိန်းထိန်းသိမ်းသိမ်းကြိုးပမ်းကြပါရန်မိမိတို့ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ မေတ္တာရပ်ခံလိုက်
ပါသည်။
 
 ထို့အတူလက်ရှိဖြစ်ပေါ်နေသောအခြေအနေကိုအခြားသောတိုင်းရင်းသားများအနေနှင့်မျက်ကွယ်ပြု မနေ
ကြဘဲစတနာကောင်းများဖြင့်ရခိုင်လူထုတစ်ရပ်လုံး၏အသက်၊အိုးအိမ်များကိုကာကွယ်စောင့်ရှော က်ကြပါ
ရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်
ရခိုင်အမျိုးသမီးများအစည်းအရုံး
ရခိုင်ပြည်။
ဆက်သွယ်ရန်၊ ဖုန်း - ၈၈၀ ၁၈၃၀ ၈၇၉ ၄၇၃။
၈၈၀ ၁၇၃၂ ၆၄၉ ၀၀၇

Arakantimes

0 comments:

Post a Comment