Pages

Thursday, October 25, 2012

အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfo6usJD2r3HCactYCFmqxU2AxwR5NSEwTYWCT1q1j_BiCOEPORwRSJQNfVYwQ7FKc2u_ZXpupQVQz1Danm-aJ7upwQeN8Wq7WlBoHhtXSs-3AKkNN3Kx51k8TSYWf5CZ0XIgV6u53jQ4/s1600/HD_9_44_2.jpg



ပုံမှန် အားဖြင့်တော့ အမျိုးသား များဟာ  လိင်ဆက်ဆံ နေစဉ် ဆီး မသွားကြပါဘူး။ ဘာကြောင့်လဲဆို တော့ ဆီးအိမ်ပေါက်ဝကို ပိတ်ဆို့ ပေး ထားတဲ့ အဆို့ရှင်ရှိလို့ပါပဲ။ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ကိုလည်းဆီးလမ်း
ကြောင်းအတိုင်း စီး ဆင်းစေပြီးဆီးအိမ်ဘက်သို့ စီးဆင်း မသွားအောင်၊ ဆီးနှင့်သုက်ရည် ရောနှောမသွား
အောင် ကာကွယ်ပေး ပါတယ်။
အမျိုးသမီးတွေမှာတော့ ထိုကဲ့သို့အဆို့ရှင်မျိုး မရှိပါဘူး။ အမျိုးသမီးများ အတွက်ကတော့လိင်ဆက်ဆံနေစဉ်
 ဆီးသွားဖို့ ဖြစ်နိုင်ပါ တယ်။ ဆီးအိမ်ဟာ တင်ပါးဆုံရိုး ကွင်းထဲမှာ ရှိနေပါတယ်။ အမျိုးသမီး တွေရဲ့ဆီးအိမ်
ဟာ အသက်ကြီးလာတာနဲ့အမျှဆီးထိန်းနိုင်စွမ်းလျော့နည်းလာတာကြောင့် လိင်ဆက်ဆံစဉ်ဆီးထွက်နိုင်ခြေ ပိုများသွားပါ တယ်။

အားနည်းလာတဲ့ တင်ပါးဆုံရိုးကွင်ြးွကက်သားတွေဟာဆီးအိမ်ကို လျော့ရဲသွားစေပြီးဆီးလမ်းကြောင်း ပေါက်
ဝကို ပိုကျယ်သွားစေတာကြောင့် ဆီးထွက် လာခြင်းဖြစ်ပါတယ်။

 ဒါ့ အပြင် မိန်းမကိုယ်ရဲ့အတွင်းနံရံရှိ G spot နေရာမှာရှိတဲ့ လိင်ဆန္ဒပြီး မြောက်တဲ့ ခံစားချက်ကို ဖြစ်ပေါ်
စေ သော အာရုံကြောအစုအဝေးဟာ ဆီးအိမ်ရဲ့ လည်ပင်းနားမှာ တည်ရှိ နေပါတယ်။

ဒါ့ကြောင့် တုံ့ပြန်မှုလွယ် တဲ့ဆီးအိမ်ရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံနေစဉ် ဆီးသွားချင်တဲ့ စိတ်ပိုမိုဖြစ်
ပေါ်တတ်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ ဆရာဝန် သို့မဟုတ် လိင်ဆက်ဆံ ဖော်တို့ အား ဆွေး
တိုင်ပင်ခြင်းပါပဲ။


Myanmar Online News 

0 comments:

Post a Comment