Pages

Thursday, October 25, 2012

၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်


၁၉၈၈ခုနှစ်ဒီမိုကရေစီရေးတော်ပုံအထိမ်းအမှတ်၊ရှစ်လေးလုံးနိုင်ငံရေးအပြောင်းအလဲအကြောင်းကိုအခြေ ခံ
ပြီးရိုက်ကူးမယ့်''ချွန်စေမြစေသော''ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားအကောင်အထည်ဖော်ရိုက်ကူးသွားဖို့စီစဉ်
နေတယ်လို့ သိရပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကိုလာမယ့်(၂၀၁၃)ခုနှစ်မှာရိုက်ကူးသွားဖို့ရည်ရွယ်ထားပြီးငြိမ်းချမ်းရေးနဲ့မိဘ၊ သားသမီး
မေတ္တာအကြောင်းအဓိကထားရိုက်ကူးမှာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှကိုညိုထွန်း
(ဒါရိုက်တာ သျှိုညိုထွန်းသိမ်း)က RFAကို ပြောပါတယ်။

ဇာတ်ကားရိုက်ကူးနိုင်ရေး အတွက် အနုပညာအကြံပေး အဖွဲ့၊ဇာတ်ညွှန်းအကြံပေး အဖွဲ့၊သမိုင်းဆိုင်ရာဝတ်
ဆင်ရေးအကြံပေး အဖွဲ့၊ သရုပ်ဆောင် အကြံပေး အဖွဲ့၊ သတင်းထုတ်ပြန်ရေး အဖွဲ့၊ ဆက်တင် အကြံပေး အ
ဖွဲ့၊ဘာသာပြန်အကြံပေးအဖွဲ့၊တည်းဖြတ် အကြံပေး အဖွဲ့နဲ့ တေးဂီတ အကြံပေး စတဲ့ အဖွဲ့(၉) ဖွဲ့ခွဲပြီး စတင်
ဆာင်ရွက် နေပြီလို့ သိရပါတယ်။

ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းတွေ ရေးသားနေပြီး နာမည်ကြီး သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်သစ်တွေ အပြင်၊၈၈အရေးအခင်းမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်တိုင်ပါဝင်ရိုက်ကူးဖို့ရှိပါတယ်။

RFA

0 comments:

Post a Comment