Pages

Thursday, October 25, 2012

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ခရီးသည် ဟန်ဆောင်ကာ အိတ်ခိုးသည့် အဖွဲ့များ ရှိနေ

Photo

အောင်မင်္ဂလာအဝေးပြေးဝင်းကြီးအတွင်း၌ အဝေးပြေး ကားစီးမည့် ခရီးသည်များ၏ ခရီးဆောင်အိတ်များကို ခရီးသည်ဟန်ဆောင်ကာ အုပ်စုလိုက် ခိုးယူမှု ဖြစ်စဉ်များ လတ်တလော ကာလအတွင်း ဖြစ်ပေါ်နေကြောင်း  အဝေးပြေးဝင်း အုပ်ချုပ်ရေးမှူးရုံးနှင့် မော်တော်ယာဉ်များထံမှ ၁၃-၁၀-၂၀၁၂ ရက်က သိရသည်။ ယင်းကဲ့သို့ ခရီးသည် ဟန်ဆောင်ကာ အဝေးပြေးကားစီးနင်းမည့် ခရီးသည်များ၏အိတ်များကိုခိုးယူသည့်ဖြစ်
စဉ်မှာအဝေးပြေးကားများ၏ပစ္စည်းတင်ယာဉ်စစ်သည့်ကာလနှင့်အနီးကပ်ဆုံး အချိန်များတွင် ဖြစ်ပေါ်နေပြီး
အမှတ်တမဲ့ အနေအထားတွင် ခိုးယူနေမှန်း မသိသေးကြောင်း သိရသည်။ 
 
ရုပ်ရည်ခပ်သန့်သန့်လူနှစ်ယောက်ဗျ။တစ်ယောက်ကနည်းနည်းဝတယ်။သူတို့တစ်တွေကကားပေါ်ကို တက်
လာပြီးခရီးသည်လိုလိုဘာလိုလိုနဲ့အိတ်တွေကိုဆွဲထုတ်တာတွေလုပ်နေတယ်။ကျွန်တော်ကလည်း ကားပေါ်
ကိုခဏယာဉ် တက်စစ်တဲ့အချိန်၊ ရုတ်တရက်ဆိုတော့ သူ့အိတ်သူ ဆွဲနေသလိုလိုပေါ့။
 
ကျွန်တော်လည်းသိပ်မသင်္ကာတာနဲ့သူတို့ဆင်းသွားမှအုပ်ချုပ်ရေးမှူးရုံးကိုသတင်းပို့ပြီးလိုက်ချောင်းကာ ဂိတ်
အထွက်မှာပဲ မိတာ” ဟု JJ Express ကားကုမ္ပဏီမှ ယာဉ်စစ်တစ်ဦးက ပြောကြားသည်။
 
အဲဒီလူတွေကအုပ်စုလိုက်ဖွဲ့ပြီးလုပ်နေတာလို့သတင်းကြားရတယ်။ပြီးတော့ဒီလူတွေအုပ်စုကရွှေတောင်ရိုး
အဝေးပြေးကားကိုလည်းကပ်တယ်လို့ပြောကြားပါတယ်”ဟုJJမှအခြားသောပြောရေးဆိုခွင့် ရှိသူတစ်ဦးက 
ပြောကြားသည်။ 
 
မသင်္ကာလို့ဖမ်းဆီးခေါ်ထားတာရှိပါတယ်။စစ်ဆေးနေပါတယ်ဟုအောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း
အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ယင်းကိစ္စနှင့်ပတ်သက်၍ကြားသိနေရသောသတင်း
များအရယာဉ်လိုင်းများနှင့်ခရီးသည်ကြားအထင်အမြင်လွဲမှားမှုများဖြစ်ပေါ်နိုင်စေသည်ဟုသိရကာ ယင်းမ
သင်္ကာဖွယ်လူတစ်ဦးထဲမှမိထားသူတစ်ဦးကိုပထမတစ်ကြိမ်စစ်ဆေးပြီးသက်သေမခိုင်မာသဖြင့်စောင့်ကြည့်
အနေအထားဖြင့် ပြန်လွှတ်ခဲ့ကာ နောက်တစ်နေ့တွင် ထပ်မံ ဖမ်းမိထားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
 
အေဝိုင်အီး

0 comments:

Post a Comment