Pages

Thursday, October 25, 2012

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်


အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများအပြီးတွင်
နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့်ချစ်ဗျူ
ဟာ ခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။

ရန်ပုံငွေအလှူတစ်ခုအတွက်သူမ၏အပျိုစင်ဘဝကိုရောင်းချမည်ဟုကြေညာထားသည့် ဘရာဇီးလ် ကျောင်း
သူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။
 
ကက်ထရီနာသည်ယခင်ကတည်းကသူမသည်ပြည့်တန်ဆာတစ်ဦး မဟုတ်ကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ကက်ထရီနာသည် နောက်ဆုံးတွင် အပျိုစင်ဘဝကို ရောင်းချရန် ဒေါ်လာ (၇၈၀၀၀၀)ဖြင့် အဆိုပြုမှုကို သဘောတူ လက်ခံလိုက်သည်။
 

ဂျက်မီလာနှင့်ဂျက်ရိုက်ဆိုသောအမေရိကန်နှစ်ဦး၊အိန္ဒိယသူဌေးရူဒရာချက်တာဂျီတို့သည် ကက်ထရီနာအ
တွက် အပြိုင်လေလံဆွဲခဲ့သော်လည်း နတ်ဆူကသာ အမြင့်ဆုံး ဈေးပေးသွားခြင်း ဖြစ်သည်။ ကက်ထရီနာ၏ အစီအစဉ်သည်အင်တာနက်တွင်လူပြောသူပြောများသောကိစ္စတစ်ခုဖြစ်ခဲ့ပြီးဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့
သည်။ 
 
သူမသည်VirginsWantedဆိုသောမှတ်တမ်းဗီဒီယိုအတွက်လည်း ဩစတြေးလျ ရုပ်မြင်သံကြား အဖွဲ့တစ်ခုကို မှတ်တမ်းတင်ခွင့်ပေးမည်ဟု ပြောဆိုထားရာ အပြာရုပ်ရှင်မယ် တစ်ဦးအဖြစ် ပြစ်တင်မှုများလည်း ရှိခဲ့သည်။ သူမသည် အဆိုပါအဖွဲ့က စီစဉ်ပေးသည့် လေယာဉ်ပေါ်တွင် မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။

ကက်ထရီနာကမူ"ကျွန်မကတော့ဒါကိုလုပ်ငန်းတစ်ခုလို့ပဲမြင်ပါတယ်။ကျွန်မမှာခရီးတစ်ခုသွားဖို့အခွင့်အရေး
လည်းရှိလာတယ်။ ဇာတ်ကားတစ်ကားမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခွင့်ရမှာ ဖြစ်သလို အဲဒီအတွက် ထိုက်သင့်တဲ့ခံစားခွင့်လည်းရှိဦးမယ်။ကျွန်မပြောချင်တာကဘဝတစ်လျှောက်လုံးမှာတစ်ခါတည်းပဲ ဒီကိစ္စကို
ဆောင်ရွက်တာပါ။ကျွန်မဟာပြည့်တန်ဆာ တစ်ယောက် မဟုတ်ပါဘူး။ ပြောရရင်တော့ လူတစ်ယောက်ဟာ တစ်ခါလောက်အံ့ဩစရာဓာတ်ပုံကောင်းတစ်ခုရိုက်ဖူးရုံနဲ့ ဓာတ်ပုံဆရာ ဖြစ်မလာနိုင်ဘူးလေဟု ပြောဆိုခဲ့ဖူး
သည်။

သူမသည်လေလံအောင်မြင်သောဂျပန်သားနှင့်အတူဩစတြေးလျနှင့်အမေရိကန်ကြားခရီးစဉ်တွင် လေယာ
ဉ်ပေါ်၌ချစ်တင်းနှီးနှောရမည်ဖြစ်သည်။သူမအားယင်းကိစ္စမတိုင်မီနှင့်ပြီးဆုံးချိန်တို့တွင်အင်တာဗျူးရန်လည်း
စီစဉ်ထားသည်။ နတ်ဆူ အနေဖြင့် ၎င်း၏ ရုပ်သွင်ကို မီဒီယာများတွင် မဖော်ပြနိုင်အောင် ဖုံးကွယ်ထားခွင့် ရမည်ဖြစ်သည်။ ယခုသဘောတူညီချက်အရ သူမအား လေလံဆွဲ အောင်မြင်သူသည် အပိုဆောင်း ကိရိယာ တန်ဆာပလာများ ယူဆောင်ခွင့် မရှိသလို အကာအကွယ် ပစ္စည်းကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

နတ်ဆူသည်သူမနှင့်မတွေ့ဆုံမီလိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကင်းရှင်းကြောင်း စစ်ဆေးခံရ
မည်ဟုလည်းသိရသည်။ဒါရိုက်တာဂျက်စတင်ဆဲလ်ဆီတာဝန်ယူမည့်မှတ်တမ်းဗီဒီယိုအတွက် အလက်ဇန္ဒား
အမည်ရှိလူပျိုတစ်ဦးသည်လည်းမှတ်တမ်းဗီဒီယိုအရိုက်ခံမည်ဖြစ်သည်။၎င်းအားနီနီဘီဟုအမည်ဖော်ပြသော
ဘရာဇီးလ် အမျိုးသမီး တစ်ဦးက ဒေါ်လာ (၃၀၀၀)ဖြင့် ဝယ်ယူခဲ့သည်။

ကက်ထရီနာသည်လေလံမှရရှိသောငွေကြေးများကိုဆင်းရဲနွမ်းပါးသောမိသားစုများအတွက်အိမ်ရာဆောက်
လုပ်ပေးမှု စီမံကိန်းများတွင် လှူဒါန်းမည် ဖြစ်သည်။ သူမသည် သောမတ်စ် ဝီလျံ ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အတွက် အပျိုစင်တစ်ဦး ရှာဖွေနေမှုတွင် လက်ခံသဘောတူခဲ့ပြီး ယခုအစီအစဉ်အတွက် လွန်ခဲ့သော (၂)နှစ်က လက်မှတ်ထိုးခဲ့သည်။ 
 
ကက်ထရီနာက လေလံမှ ရရှိလာသည့် ငွေကြေးအားလုံး၏ (၉၀)ရာခိုင်နှုန်းနှင့် မှတ်တမ်းရုပ်ရှင်အတွက် ရရှိမည့်ငွေများမှဒေါ်လာ(၂၀၀၀၀)တို့ကိုသူမ၏ဇာတိပြည်နယ်ဖြစ်သောဆန်တာ ကက်ထရီနာတွင်နွမ်းပါးသူ
များအတွက်ခေတ်မီအိမ်ရာများဆောက်လုပ်မည့်စီမံကိန်းအတွက်လှူဒါန်းသွားမည်ဟု ကြိုတင်ပြောဆိုထား
သည်။
Planet Myanmar Network:

0 comments:

Post a Comment

 
world time