Pages

Thursday, October 25, 2012

Remote Desktop Connection ဆိုတာ



                       ကဲဒီတစ်ခေါက်တော့ Microsoft ရဲ့ Operating System တွေမှာပါဝင်တဲ့ Feature တွေထဲက Remote Desktop Connection ဆိုတဲ့ Feature လေးအကြောင်းကို မိတ်ဆက်တင်ပြပေးချင်ပါတယ်။ ဒီ Remote Desktop Connection ဆိုတဲ့ Feature လေးဟာ သုံးစွဲဖူးသူ user များတော်တော်လေး ကြိုက်နှစ်သက်ကြတဲ့ Feature ကောင်းလေး တစ်ခု ဖြစ်ပါတယ်။
ဒီ Remote Desktop Connection အကြောင်းကို Microsoft Windows Operating System တွေနဲ့ ရင်းနှီးနေပြီး
သား ဖြစ်တဲ့ Online ICT Reader ပရိသတ်ကြီး အနေနဲ့ သိပ်မစိမ်းလှဘူးလို့တော့ ထင်ပါတယ်။ ဒီ Remote Desktop Connection က ဘယ်လို Feature မျိုးလဲ၊ ဘယ်လိုနေရာတွေမှာ သုံးရတာလဲဆိုတာလေးကို ဖော်ပြ
ပေးသွားမှာဖြစ်ပါတယ်။

ဘယ်လို Feature မျိုးလဲဆိုတော့ ............... ကွန်ပျူတာ နှစ်လုံးရှိတယ်၊ အဲဒီ ကွန်ပျူတာ နှစ်လုံးက Network တစ်ခုတည်းအတွင်းမှာပဲရှိတာလည်းဖြစ်နိုင်တယ် ဒါမှမဟုတ် Connection အချိတ်အဆက် မိနေတဲ့ သီးခြား Network တစ်ခုစီမှာ တည်ရှိနေတာလည်းဖြစ်နိုင်တယ်၊ ဘာပဲပြောပြော အဲဒီ ကွန်ပျူတာနှစ်လုံးဟာ Netwo
rk Connection မိနေဖို့တော့ လိုတယ်။

အဲဒါဆိုရင် ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B ပဲထားပါတော့ သူတို့ နှစ်လုံးစလုံးကို User တစ်ယောက်တည်းက အသုံးပြုနေတာဖြစ်တယ်။ အဲဒီမှာ User က ကွန်ပျူတာ A မှာ ထိုင်သုံးနေရင်းနဲ့ ကွန်ပျူတာ B မှာ လုပ်ရမယ့် အလုပ်တွေကလည်းပေါ်လာတယ်ဆိုပါတော့။ (ဥပမာ User က ကွန်ပျူတာ A မှာ ပုံမှန် Office Application
လေးတွေနဲ့ အလုပ်လုပ်နေတုန်း Photoshop CS နဲ့ လုပ်ရမယ့် အလုပ်လေးတွေကပေါ်လာမယ်အဲဒီ Photosho
p CS ကလည်း ကွန်ပျူတာ A မှာ မရှိဘူး ကွန်ပျူတာ B မှာပဲ ရှိတယ်ဆိုပါတော့၊) အဲဒီလို အနေအထားမျိုးမှာ ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B နဲ့က ဟိုဘက်ဒီဘက် နီးနီးလေးဆိုရင်တော့ထားပါတော့။

ဒါပေမယ့် အဲလို မဟုတ်ဘဲ ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B က ဟိုဘက်ခန်းဒီဘက်ခန်းလိုမျိုး တော်တော်ဝေး
တယ် ဒါပေမယ့် Network တော့ ချိတ်ထားတယ် ဆိုရင်တော့ User ဟာ ကွန်ပျူတာ B ဆီကို ထသွားစရာမ
လိုပါဘူး။ ကွန်ပျူတာ A ကနေပဲ Remote Desktop Connection ကိုသုံးပြီးကွန်ပျူတာ B ကို လှမ်းပြီးချိတ်ဆက်
နိုင်ပါတယ်။ လိုအပ်တဲ့ Configuration လေးတွေတော့ လုပ်ထားရမှာပေါ့နော်။

Remote Desktop Connection ချိတ်မိသွားပြီဆိုရင်တော့ User ဟာ ကွန်ပျူတာ A ရဲ့ ရှေ့မှာ ထိုင်နေပေမယ့် ကွန်ပျူတာ A ရဲ့ Monitor ပေါ်မှာကို ကွန်ပျူတာ B ရဲ့ Monitor မှာ မြင်ရမယ့် မြင်ကွင်းအတိုင်း မြင်နေရမှာ
ဖြစ်ပြီး ကွန်ပျူတာ B ရဲ့ ရှေ့မှာ ထိုင်သုံးနေသကဲ့သို့ကို ကွန်ပျူတာ B မှာ ရှိသမျှ Program တွေ File တွေ Folder တွေအားလုံးကို စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Monitor တစ်လုံးတည်းနဲ့ System Unit နှစ်လုံးကို တပြိုင်တည်းအသုံးပြုချင်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ခုနကလိုမျိုး အလှမ်းဝေးတဲ့ နေရာ နှစ်ခုမှာရှိနေတဲ့ ကွန်ပျူတာနှစ်လုံးကို တပြိုင်တည်း အသုံးပြု ချင်တဲ့အခါ
မှာဖြစ်စေ Remote Desktop Connection ကို အသုံးပြုနိုင်ပါတယ်။ နိုင်ငံရပ်ခြားကုမ္ပဏီကြီးတွေမှာဆိုရင်သူတို့
ရဲ့ ၀န်ထမ်းတွေကို သူတို့ရဲ့ အိမ်မှာရှိတဲ့ ကွန်ပျူတာတွေကနေပဲ ရုံးက သူတို့ရဲ့ သက်ဆိုင်ရာ ကွန်ပျူတာ အ
သီးသီးကို Remote Desktop Connection ကိုအသုံးပြုပြီးလှမ်းချိတ်ဆက်ကာလုပ်စရာရှိတာတွေကို အိမ်မှာနေ
ရင်းလည်းလုပ်နိုင်အောင် ဖန်တီးပေးထားတတ်ကြပါတယ်။

ဒါကြောင့် ၀န်ထမ်းတွေရဲ့ အလုပ်ချိန်ကို ပိုမို အသုံးချနိုင်လာကြပါတယ်။ ၀န်ထမ်းတွေအနေနဲ့လည်း အိမ်က ကွန်ပျူတာကို ကြားခံ သုံးနေရပေမယ့် တကယ့်တကယ် သုံးနေရတာက ရုံးကကွန်ပျူတာဖြစ်တဲ့အတွက် ရုံး
မှာသုံးနေရတဲ့အတိုင်း အဆင်ပြေမှုကိုခံစားရမှာပါ။ နောက်နေ့ ရုံးကို ရောက်တော့လည်း ရုံးက ကွန်ပျူတာ
မှာ ညက အိမ်မှာ လုပ်ခဲ့တဲ့အတိုင်း ရပ်ထားခဲ့တဲ့ နေရာကနေ အခန့်သင့် ဆက်လုပ်ရုံ ဖြစ်တဲ့အတွက် ဘာမှ အခက်အခဲ အဆင်မပြေမှုတွေကို တွေ့ကြုံရမှာမဟုတ်ပါဘူး။

နောက်ပြီးတော့ သူ့ကို အသုံးပြုနိုင်တဲ့ အခြေအနေ နှစ်မျိုးရှိတယ်ဆိုတာကိုတော့ ပြောပြချင်ပါသေးတယ်။ Client to Client အခြေအနေ နဲ့ Client to Server အခြေအနေပါ။ ဘာကွာသလဲဆိုတော့ Client to Clientမှာ
ကွန်ပျူတာ A ကော ကွန်ပျူတာ B ကော ဟာ Client Operating System တွေ (ဥပမာ Windows XP) ကိုအသုံး
ပြုနေကြတာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေမှာဆိုရင် ကွန်ပျူတာ A ကနေ ကွန်ပျူတာ B ဆီကို  Remote Desktop Connection တစ်ခု တည်ဆောက်လိုက်မယ် ဆိုတာနဲ့ Connection မိသွားပြီ ဆိုရင် ကွန်ပျူတာ B ဟာ Auto Log off ဖြစ်သွားမှာဖြစ်ပါတယ်။

ကွန်ပျူတာ B ပေါ်မှာ လက်ရှိ Running ဖြစ်နေသမျှ Program အားလုံးဟာ ဒီအတိုင်း ကွန်ပျူတာ A ပေါ်မှာ ဆက်ပြီး Running ဖြစ်နေမှာဖြစ်ပါတယ်။ ကွန်ပျူတာ A ကနေ Remote Desktop Connectionကိုပိတ်လိုက်မယ်
ဆိုရင်လည်း ကွန်ပျူတာ B ဟာ Log Off ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာ Aကနေတော့
Remote Desktop Connection ကို ထပ်မံ ချိတ်ဆက်ချင်သေးတယ်ဆိုရင် အချိန်မရွေး ပြန်လည် ခေါ်ယူနိုင်မှာ
ဖြစ်ပါတယ်။

ကွန်ပျူတာ B ကို Log On ပြန်ဝင်စေချင်တယ် ဆိုရင်တော့ ကွန်ပျူတာ B ရဲ့ရှေ့မှာ သွားပြီး ကိုယ်တိုင်  Log On ၀င်ပေးဖို့လိုပါတယ်။ ကဲဒီလောက်ဆိုရင် Client to Client အနေအထား Remote Desktop Connection ဆိုတာဘယ်လိုပုံစံဆိုတာ တွေးမြင်သဘောပေါက်နိုင်ကြလောက်ပြီထင်ပါတယ်။ ဒါဆိုရင် နောက်တစ်မျိုး
ဖြစ်တဲ့ Client to Server အနေအထား အကြောင်းကို ဆက်ပြီးလေ့လာကြည့်ကြရအောင်။ Client to Server အနေအထားမျိုးကတော့ ခုနက အနေအထားမျိုးထက် အများကြီးပိုပြီး သုံးစွဲသင့်တဲ့ သုံးစွဲနိုင်တဲ့  နေရာတွေ
ရှိပါတယ်။

အဲဒီလို အနေအထားမျိုးမှာ Server နေရာက ကွန်ပျူတာက Client နေရာက ကွန်ပျူတာကို လှမ်းခေါ်ပြီး သုံး
လို့ ရနိုင်ပေမယ့် သုံးတာကတော့ အင်မတန်နည်းပါတယ်။ ပုံမှန်အားဖြင့်ကတော့ Client နေရာကကွန်ပျူတာ
ကသာ Server နေရာက ကွန်ပျူတာကို လှမ်းခေါ်ပြီး ချိတ်ဆက်သုံးလေ့ရှိပါတယ်။ ဒီနေရာမှာ Client နေရာက ကွန်ပျူတာဆိုတာက Client Operating System (ဥပမာ Microsoft Windows XP) တင်ထားတဲ့ ကွန်ပျူတာမျိုး
လို့ အကြမ်းဖျင်း မှတ်သားထားနိုင်ပါတယ်။ ဒါဆိုရင် Server နေရာက ကွန်ပျူတာဆိုတာဟာလည်း Server Operating System (ဥပမာ Microsoft Windows Server 2003) တင်ထားတဲ့ ကွန်ပျူတာမျိုးဆိုတာ အလွယ်တ
ကူ ဆက်စပ် တွေးမြင်နိုင်မယ်လို့ ထင်ပါတယ်နော်။

Client to Server အနေအထားမှာကျတော့ Client ကနေ Server ဆီကို လှမ်းပြီး Remote Desktop Connection လှမ်းပြီးချိတ်ဆက်လိုက်တဲ့ အချိန်မှာ Connection ချိတ်ဆက်မိသွားတဲ့ အချိန်မှာလည်း Server ဟာ Log Off
 ဖြစ်သွားမှာမဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိအနေအထားအတိုင်းပဲ ဆက်လက် Running ဖြစ်နေမှာဖြစ်ပါတယ်။
 Client ဆီမှာလည်း Server ရဲ့ လက်ရှိအနေအထားကို မြင်တွေ့ရမှာမဟုတ်ပါဘူး။

ပထမဆုံးအကြိမ် လှမ်းချိတ်ဆက်တာ ဆိုရင် စတင် ချိတ်ဆက်မိသွားတဲ့အခါမှာ OS စတက်လာတဲ့အချိန် ပထမဆုံး Log On ၀င်တုန်းကပုံစံအတိုင်း တက်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Server မှာ ရှိတဲ့ Program တွေ File တွေနဲ့ Folder တွေကိုတော့ ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။

 ဒီအနေအထားဟာ User တစ်ယောက်တည်းက ကွန်ပျူတာနှစ်လုံးကို တပြိုင်တည်းသုံးတဲ့ အနေအထားမျိုး
မဟုတ်တော့ဘဲ ကွန်ပျူတာတစ်လုံး (ပြောရမယ်ဆိုရင် စွမ်းရည်မြင့် Server ပေါ့) မှာရှိတဲ့ Resources တွေ(တ
နည်းပြောရရင် တင်ထားတဲ့ Program တွေ Data တွေ ပြီးတော့ စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ Hardware Peri
pheral တွေ) ကို စွမ်းဆောင်ရည် အနည်းငယ်သာရှိတဲ့ ကွန်ပျူတာလေးတွေက ရယူသုံးစွဲပြီး လုပ်စရရှိတာ
တွေကို အဲဒီ Server ပေါ်မှာ တခါတည်းလုပ် ပြီးရင် တခါတည်းအဲဒီ Server ပေါ်မှာပဲ သိမ်းဆည်းထားခဲ့နိုင်တဲ့ အနေအထားဖြစ်သွားပါပြီ်။

အဲဒီတော့ Client ကွန်ပျူတာလေးတွေများစွာမှာDataသိမ်းဆည်းဖိုအတွက်Hard Diskပမာဏ များများလည်း
တပ်ဆင်ထားစရာမလိုတော့သလိုProgram တွေ အများကြီးကိုလည်းအလေးခံပြီး တင်ထားစရာမလိုတော့ပါ
ဘူး။ ပြီတော့ Processing လုပ်မယ့် Data တွေကိုလည်း Server ပေါ်ကနေပဲ တခါတည်းရယူပြီး Process လုပ်၊
 ပြီးရင်လည်း အချောထည် (Processing လုပ်ပြီးသား) Data တွေကို Server ပေါ်မှာပဲ တခါတည်း သိမ်းခဲ့ဆို
တော့ Data Centralized Management ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

Client to Client အနေအထားမှာ Remote Desktop Connection ဟာ တစ်ခုထက် ပိုပြီးတည်ဆောက်ဖို့ မဖြစ်
နိုင်ပါဘူး။ နောက်ဆုံး Connection တစ်ခုထဲပဲ Active ဖြစ်ကျန်နေမှာဖြစ်ပြီး သူ့ရှေ့က တည်ဆောက်ထားတဲ့ Connection (လှမ်းချိတ်ဆက်ခံထားရတဲ့ Host ကွန်ပျူတာ အပါအ၀င်ပေါ့) တွေအားလုံးဟာ Inactive (Log Off
) ဖြစ်နေမှာဖြစ်ပါတယ်။

ဒါပေမယ့် Client to Server အနေအထားမှာတော့ Server (လှမ်းချိတ်ဆက်ခံရမယ့် Host ကွန်ပျူတာပေါ့နော်) ဆီကို Client နှစ်ဦးထက်မကက တပြိုင်နက်တည်းမှာတင်လှမ်းပြီးချိတ်ဆက်နိုင်ပါတယ်။သူတို့တွေဟာတပြိုင်
နက်တည်းမှာပဲ Server ပေါ်မှာ လုပ်ဆောင်စရာရှိတာတွေကို အသီးသီးလုပ်ဆောင်နေနိုင်ကြပါတယ်။Server
ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီးတော့ ပမာဏပိုမိုများပြားလာဖို့သာရှိပါတယ်။

Client to Client အနေအထားမှာတော့ Host ကွန်ပျူတာရဲ့ ဘယ်အစိတ်အပိုင်း ဘယ် Program တွေကို ရယူ
သုံးစွဲခွင့်ပေးမှာလဲ ဆိုတဲ့ Permission အပိုင်းဟာ သိပ်ပြီး စဉ်းစားကြလေ့မရှိပါဘူး။ ဒါပေမယ့် Client to Server အနေအထားမှာကျတော့ Permission အပိုင်းဟာ တော်တော်လေးထည့်သွင်းစဉ်းစားကြလေ့ရှိသလို မေ့ထား
လို့လဲ မသင့်တဲ့ အနေအထားဖြစ်ပါတယ်။

Server ကိုလှမ်းပြီး ချိတ်ဆက်မယ့် Client အရေအတွက်က တစ်လုံးထက်မကတဲ့အတွက်ကြောင့်လည်း ပါပါ
တယ်။ ဒါကြောင့် Client တစ်လုံးချင်းစီအတွက် (User တစ်ယောက်ချင်းစီအတွက်) ကို သီးသန့် သက်ဆိုင်ရာ Permission တွေ ပေးထားဖို့လိုပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ Remote Desktop Connection ဆိုတာဘယ်လို Featureမျိုးလဲဆိုတာရယ်သူ့ကိုဘယ်
လိုနေရာတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ သုံးလို့ရတယ်ဆိုတာတွေကို သဘောပေါက် တွေးမြင်နိုင်ကြလောက်ပြီလို့
ထင်ပါတယ်။

 
Xai Yak မှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

REF by ပြည်ဖြိုး

0 comments:

Post a Comment