Pages

Thursday, October 25, 2012

ထိုင်းတော်ဝင်မိသားစု ဂုဏ်ပြုဆု ချီးမြှင့်ခံရသူ မြန်မာသူနာပြု

 
သူနာပြု ဆရာမကြီး ဒေါ်အီး-ဘာဘရာအား ထိုင်းဘုရင့်သမီးတော် သီရိဒုံက ဆု အပ်နှင်းစဉ်
မန်မာတွေကမ္ဘာ့အလယ်ဝင့်ကြွားစရာတွေအခုရက်ပိုင်းဆက်တိုက် ပေါ်ထွက်လာနေပါတယ်။လတ်တလော
ထိုင်းနိုင်ငံသတင်းတွေမှာလည်းမြန်မာနဲ့ပတ်သက်တာတွေထဲကဂုဏ်ယူစရာသတင်းတခုအကြောင်း မျှဝေ
ပေးလိုပါတယ်။ ဒါကတော့ထိုင်းတော်ဝင်မိသားစု၊ထိုင်းဘုရင့်သမီးတော်မင်းသမီးမဟာချက်ကရီသီရိဒုံကမြန်မာနိုင်ငံကသူနာ
ပြု အမျိုးသမီး တဦးကို အောက်တိုဘာလ ၂၂ ရက်နေ့က ဂုဏ်ပြုဆု ချီးမြှင့်တာပါ။ 

အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ မြန်မာအမျိုးသမီး သူနာပြု ဆရာမကြီး ဒေါ် အီလင်း ဘာဘရို (Matron Eileen Barbaro) အား ထိုင်း ဘုရင့် မယ်တော်၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ စွမ်းဆောင်ရှင်ဆုကို မင်းသမီး သီရိဒုံက အပ်နှင်းခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ သတင်း စာမျက်နှာများမှာ ဖော်ပြထား ပါတယ်။ 

ဆရာမကြီးရဲ့ နှစ်ပေါင်း ၆၀ ကျော် တစိုက်မတ်မတ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို စေတနာ ထားလုပ်ဆောင်ခဲ့မှုတွေကြောင့် အခုလို ယခုနှစ်အတွက် ဂုဏ်ပြုဆုကို ချီးမြင့်ခံရတာလည်းဖြစ်ပါတယ်။  


အဆိုပါ ဆုတံဆိပ်အပ်နှင်းပွဲမှာ ထိုင်းဘုရင့်သမီးတော်က ဆရာမကြီးကို ထိုင်းတော်ဝင်နန်းတော်တွင်းမှာ ရှိတဲ့ Boromrajasathitmaholarn ခန်းမကြီးမှာ ညစာနဲ့လည်း တည်းခင်း ဧည့်ခံပါသေးတယ်။ 
 ဆရာမကြီးကို မင်းသမီး သီရိဒုံက ညစာဖြင့် တည်းခင်းဧည့်ခံစဉ်

သူနာပြုဆရာမကြီး အီး- ဘာဘရိုဟာ တချိန်က မြန်မာနိုင်ငံ သူနာပြု အသင်း ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးပြီး ကလေးဆေးရုံကြီးမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

ဆရာမကြီးဟာ အင်္ဂလို- မြန်မာ ကပြားအမျိုးသမီးတဦး ဖြစ်ပြီး မြန်မာယဉ်ကျေးမှုကိုလည်း အလွန်နှစ်သက်
မတ်နိုးတွယ်တာသူဖြစ်တယ်လို့ ရင်းနှီးသိကျွမ်းတဲ့သူတွေက ဆိုကြပါတယ်။ 

ဆရာမကြီး အီး-ဘာဘရိုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နဲ့လည်း အလွန် ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ဖြစ်ပါတယ်။ 

HRH Princess Maha Chakri Sirindhorn's. HRH Princess Maha Chakri Sirindhorn presided over the awards ceremony

HRH the Princess Mother. The year on the Miss Eileen Barbara (Miss Eileen Barbaro) has been regarded as the mother of the nurses from Myanmar.  

An example of a good pediatric nurse. And visionary leadership. And a commitment to continuous professional development.  

For a period longer than 60 years, and on this occasion the royal tea party in honor of the winners at the yacht value of property arch seat. Boromrajasathitmaholarn Hall and dining tables. In the palace.
 
ဧရာဝတီ

0 comments:

Post a Comment