Pages

Thursday, October 25, 2012

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးထောလွမ်း ကွယ်လွန်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးထောလွမ်း၏ ဈာပနကို ခရစ်ယာန် ထုံးတမ်းအစီအစဉ်အရဂျော်ဘွမ်ဆုတောင်းကုန်းတွင် ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့က ဂူသွင်းသ
င်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

အသက် (၆၁) နှစ်ရှိ ကွယ်လွန်သူ ဦးထောလွမ်း ဈာပန အခမ်းအနားသို့ပြည်နယ်လွတ်တော် ဒုဥက္ကဋ္ဌ ဦးစိုင်း
မြင့်ကျော်၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးကမန်းဒူနော်၊ ဗမာတိုင်းရေးသားရေးရာဝန်ကြီး ဦးခင်မောင်
ဆွေ ၊မြစ်ကြီးနားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်ထွန်း၊ရှမ်းတိုင်းရင်းသားရေးရာ
ဝန်ကြီး ဒေါ်ခင်ပြုံးရည်တို့ တက်ရောက်ခဲ့သည်။
 
“သူက အသက်က ကြီးပြီ အလုပ်လည်းအရမ်းလုပ်တော့ လူကြီးရောဂါပေါ့။အဆုတ်ရောဂါနဲ့ ဆုံးတာပေါ့။
 မြစ်ကြီးနား ရုံးချုပ်မှာပဲနေတာ။ အလုပ်ပဲလုပ်နေတာ အချိန်ပြည့်။ခုတော့ကျွန်တော်တို့လည်းစိတ်မကောင်း
ရပါဘူးဗျာ”ဟု တစည ပါတီမှ အလုပ်သမားရေးရာ တာဝန်ခံ ဦးမောင်မောင်က ပြောသည်။
 
ကွယ်လွန်သူ ဦးထောလွမ်းသည် အောက်တိုဘာလ (၂၃) ရက်ည (၈)နာရီတွင်အဆုတ်ရောဂါဖြစ်ကွယ်လွန်
သွားခြင်းဖြစ်သည်။
 
ဦးထောလွမ်းသည် ၁၉၇၄ ခုနှစ် ၀ိုင်းမော်မြို့ရှိတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)တွင် စတင်
ဝင်ရောက်ခဲ့သည်။
 
၁၉၈၅ ခုနှစ်တွင် ပါတီ စည်းရုံးရေးတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ - ၁၉၉၀ပြည့်နှစ်ထိ မြို့နယ် တောင်
သူလယ်သမား အစည်းအရုံးတွင် တွဲဖက်အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀- ၁၉၉၆ ခုနှစ်
တွင် တစည ပါတီ၏မြို့နယ် စည်းရုံးရေးကော်မတီတွင် ပါဝင်ခဲ့သည်။ ၁၉၉၆ - ၂၀၁၀ ခုနှစ်တွင်မြို့နယ် စည်းရုံးရေးမှူးဖြစ်ခဲ့သည်။
 
၂၀၁၀ ခုနှစ် အထွေအထွေရွေးကောက်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ကာ ၀ိုင်းမော်အမှတ် (၂) မဲဆန္ဒနယ်၏ ပြည်
နယ် လွတ်တော် ကိုယ်စားဖြင့် အနိုင်ရခဲ့သည်။
 
ပြည်နယ်အစိုးရ၏ ဥပဒေရေးရာ ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။  ကချင်ပြည်နယ်တစည ပါတီ၏
ပည်နယ်ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည်။


မြစ်မခသတင်း

0 comments:

Post a Comment