Pages

Thursday, October 25, 2012

ကျောက်ဖြူမြို့နယ်တွင်ဆူပူအကြမ်းဖက်မီးရှို့မှုများဖြစ်ပွားသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှအရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ရုပ်မြင်သံကြားတွင်ကြေညာ

 
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်တွင်အောက်တိုဘာလ၂၃ရက်နေ့မှစ၍ဆူပူအကြမ်းဖက်မီးရှို့မှုများဖြစ်ပွား
ခဲ့သဖြင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပဋိပက္ခများထပ်မံမဖြစ်ပွားစေရေ့းအတွက်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့ည ၈ နာရီ မြန်မာ့ ရုပ်မြင်သံကြားသတင်းတွင်ကြေညာ ချက်အရ သိရသည်။
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်နှစ်ခုအတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီအချိန်မှ စတင်ပြီး လူစုလူဝေး များမှ လူနေအိမ်များအားမီးရှို့ဖျက်စီးမှုများကြောင့် ပဋိပက္ခဖြစ်ပွားမှုများစတင်ခဲ့ရာဝိုင်း
ဝန်းထိန်းသိမ်းနိုင်ခဲ့သဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့နံနက်တစ်နာရီခန့်တွင်လူစုကွဲသွားခဲ့ကြောင်း၊အဆို
ပါမီးရှို့မှုဖြစ်စဉ်ကြောင့် အိမ်ခြေ ၆၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီးလူ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသတင်းကြေ
ညာချက်အရသိရသည်။

ဆက်လက်၍အောက်တိုဘာလ၂၄ရက်နေ့နံနက်၈နာရီအချိန်တွင်အဆိုပါရပ်ကွက်နှစ်ခု၌ ပင်ထပ်မံ၍ဆူပူ
အကြမ်းဖက်မီးရှို့မှုဖြစ်စဉ်များဖြစ်ပွားခဲ့ရာညနေ၃နာရီအချိန်အထိအိမ်ခြေ၇၀၀ကျော် မီးရှို့ဖျက်စီးခံခဲ့ရ
ကြောင်း၊ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းကြေညာချက်အရ သိရသည်။

ယင်းဖြစ်ပွားရာနေရာများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဒေသတွင်းတာဝန်ရှိသူများမှ သွားရောက်ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများ တရားဥပဒေစိုးမိုးရေးပြန်လည်တည်ငြိမ်ရေးနှင့် ပဋိပက္ခများထပ်မံမဖြစ်ပွားစေရေးတို့အတွက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းကြေညာချက်အ
ရ သိရသည်။
 
Eleven Media Group

0 comments:

Post a Comment