Pages

Thursday, October 25, 2012

ကုလသမဂ္ဂ ကယ်ဆယ်ရေးပစ္စည်းများ အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေရဲ့ခွင့်ပြုချက်မရလို့ သောင်တင်နေ



ကချင်ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ပေးမယ့် အကူအညီ အထောက်အပံ့ပစ္စည်းတွေဟာ  အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေရဲ့ခွင့်ပြုချက်မရတဲ့အတွက်ဗန်းမော်နဲ့မြစ်ကြီးနားမြို့ တွေ မှာ သောင်တင်နေပြီး ဒုက္ခသည်တွေဆီ ပစ္စည်းတွေ ရောက်အောင်ပို့ဖို့ အခက်တွေ့နေတယ်လို့ ရန်ကုန်က အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လကတည်းကအခုချိန်ထိအကူအညီတွေပေးမရဖြစ်နေပြီး စစ်ဘေး ဒုက္ခသည်တွေကို ပေးမယ့် အကူအညီတွေထဲမှာစားနပ်ရိက္ခာ၊အ၀တ်အထည်နဲ့အခြေခံအသုံးအဆောင်ပစ္စည်းတွေပါဝင်တယ်လို့ပြောပါ
တယ်။ဒါပေမယ့်သောင်တင်နေတဲ့ကူညီကယ်ဆယ်ရေးပစ္စည်းဘယ်လောက်ရှိသလဲဆိုတာကိုတော့ထုတ်ဖော်
ပြောဆိုခြင်း မရှိပါဘူး။

စစ်ဘေးရှောင်ဒုက္ခသည်များကချင်ပြည်နယ်ထဲမှာအစိုးရတပ်တွေနဲ့ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား
တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဒုက္ခသည်တွေကိုကူညီထောက်ပံ့ဖို့အတွက်အကူအညီပေးတဲ့သူတွေအ
တွက်လုံခြုံရေးဟာအဓိကပြဿနာဖြစ်တယ်လိုသူကပြောခဲ့ပါတယ်။

မိုင်ဂျာယန်ကဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့ဝိန်ပေါင်နိန်းထွဲအဖွဲ့ကတာဝန်ခံဒေါ်မယ်ရီတွမ် ကတော့ ဇွန်လလောက်က ကုလသမဂ္ဂက ပေးတဲ့ အကူအညီတွေကို နောက်ဆုံးရခဲ့တာဖြစ်ပြီး အစိုးရက အစိုးရထိန်းချုပ်ရာနယ်မြေမဟုတ်တဲ့ဒေသတွေကိုအကူအညီတွေပို့ဖို့ တားမြစ်ထားတယ်လို့ ပြောပြပါတယ်။
 
 
“ဒီဘက်မှာ ယူအန်အကူညီတွေ မရောက်တာကြာပြီ။ လွန်ခဲ့တဲ့ ဇွန်လကတည်းက စုစုပေါင်း ၂ ခါရောက်တယ်။ အဲကတည်းက မရောက်တာ၊ ကျမတို့မေးကြည့်တော့ အစိုးရခွင့်မပြုလို့ ပြောတယ်။ Non-government control ဧရိယာဘက်ကို လာလို့မရဘူးလို့တော့ ပြောတယ်။ သူတို့လည်း ကြိုးစားနေတယ် လာရဖို့အတွက်ကို၊ ဒါပေမယ့် အခုထိ လာဖို့အတွက် အစိုးရခွင့်ပြုချက် မရဘူးပြောတယ်။
 
 စခန်းအခြေအနေကဆောင်းတွင်းဝင်လာပြီဆိုတော့အရမ်းအေးတယ်။ အနွေးထည်လေးတွေလိုလာပြီ။
ဆောက်ထားပေးတဲ့တဲတွေကလည်းအပေါ်ပိုင်းသွပ်မိုးနဲ့ကြားထဲမှာလွတ်ဟာနေတော့ အရမ်းအေးတဲ့အချိန်
ရောက်လာပြီဆိုတော့ အရမ်းစိုးရိမ်စရာ ရှိတယ်။ ဆောင်းတွင်းအေးတာနဲ့ ဖုန်ကအရမ်းထလာပြီဆိုတော့ နှာစေး ချောင်းဆိုး အအေးမိတာတွေ ဖြစ်တာပေါ့။”
 
တရုတ်-မြန်မာ နယ်စပ်က နောင်တောင်း ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ အကူအညီကို ယခုချိန်အထိမရရှိသကဲ့သို့ထောက်ပံ့မှုများပေးပို့ရန်ကချင်လက်နက်ကိုင်တွေအပါအ၀င် သက်ဆိုင်ရာအဖွဲ့
များကခွင့်ပြုခြင်းမရှိတဲ့အတွက်လူမှုရေးဘာသာရေးအဖွဲ့အစည်းတွေရဲ့ထောက်ပံ့ကူညီမှုနဲ့ရပ်တည်နေရတယ်
လို့ ဆိုပါတယ်။
 
ဗန်းမော်မြိုနယ်အုပ်ချုပ်ရေးမှူးဦးအောင်လင်းကတော့နယ်မြေအကန့်အသတ်ကြောင့် ကူညီပေးရေးပစ္စည်း
တွေ ဒုက္ခသည်တွေဆီ မပို့နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။
 
“ဗန်းမော်မှာ သောင်တင်တယ်ဆိုတာက နယ်မြေအကန့်အသတ်ကြောင့် ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ကျနော်တို့ကို လက်လှမ်းမီတဲ့နေရာဆိုရင် တာဝန်ယူပြီး ချိတ်ဆက်ဆောင်ရွက်ပေးတာပေါ့။ လက်လှမ်းမမီတဲ့နေရာဆိုရင်တော့ ဆောင်ရွက်ပေးလို့ မရတာရှိတာပေါ့။ ဒါပေမယ့် သွားလာတဲ့အခါ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီးတော့မှ သက်ဆိုင်တဲ့ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ သွားရတာပေါ့။ တရားဝင်သွားလာတာတော့ အခက်အခဲရှိစရာ အကြောင်းမရှိဘူး။ တချို့လည်း သွားလာတာကို သက်ဆိုင်ရာအစိုးရကို တင်ပြရတယ်။ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်နဲ့ပဲသွားရပါတယ်။”
 
ကချင်ပြည်နယ်မှာ တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်ဒေသနဲ့ တောတွင်းတွေမှာ ပုန်းအောင်းနေရတာ ပါ။ နောက်ဆုံးရရှိထားတဲ့ စာရင်းအရ စစ်ရှောင်ဒုက္ခသည်ပေါင်း ၇ သောင်းခွဲလောက်ရှိနေပြီး ၄ သောင်းနီးပါးဟာ ကချင် လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
 
ပြင်ပအကူအညီရဖို့ခက်ခဲတဲ့အတွက်ဒုက္ခသည်တွေဟာအစားအစာနဲ့သန့်စင်တဲ့သာက်သုံးရေရရှိဖို့အခက်
အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကချင်လူမှုရေးအဖွဲ့တွေကပြောပါတယ်။ဒါ့ပြင် အခုချိန်ဟာ ဆောင်းရာသီကို ကူးပြောင်းလာခဲ့ပြီဖြစ်တဲ့အတွက်အအေးပိုလာပြီးဒုက္ခသည်တွေဟာခုံစရာစောင်တွေလုံလုံလောက်လောက်
မရှိတဲ့အတွက်လည်း စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
(DVB)

0 comments:

Post a Comment