Pages

Thursday, October 25, 2012

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ကွယ်လွန်

အငြိမ်းစားဗိုလ်မှူးချုပ်၊စာရေးဆရာသခင်အောင်ကြီး(ပေါင်းတည်)သည်ယနေ့နံနက်တွင်ရန်ကုန်မြို့၌ နှလုံးရော
ဂါဖြင့်ကွယ်လွန်သွားကြောင်း၊ကွယ်လွန်ချိန်တွင်အသက်၉၃နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။ဦးအောင်ကြီးသည်
အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်တို့မှစ၍ပါလီမန်ဒီမိုကရေစီခေတ်၊အိမ်စောင့်အစိုးရခေတ်အထိတပ်မတော်တွင်ရာထူး
အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး နေဝင်း၏ ဆိုရှယ်လစ်ခေတ်တွင် တပ်မတော်မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ကာ ၃ ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 
 
၁၉၈၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာ၌လည်း ဦးအောင်ကြီး ပါဝင်ခဲ့သည်။
 
ဧရာဝတီ

0 comments:

Post a Comment