Pages

Thursday, October 25, 2012

ရခိုင်ပြည်နယ် မင်းပြား၊မြောက်ဦး၊ကျောက်ဖြူမြို့နယ်များတွင်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားမြှင့်တင်ခြင်း၊လုံခြုံရေးအဆင့်တိုးမြှင့်ခြင်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ညွှန်ကြားထား



ရခိုင်ပြည်နယ်မင်းပြား၊ကျောက်ဖြူ၊မြောက်ဦးမြို့နယ်များတွင်အောက်တိုဘာလ၂၁ရက်နေ့မှ စတင်ဖြစ်ပွား
ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊လုံခြုံရေးအဆင့် တိုးမြှင့်ခြင်း များ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှ အောက်တိုဘာလ ၂၄ ရက်နေ့ညနေပိုင်းတွင် ညွှန်ကြားချက်ထုတ်
ပြန်ထားကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)၏ facebook စာမျက်နှာတွင်
ဖော်ပြထားသည်။    
ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်သက်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် အောက်တိုဘာလ ၂၂ရက်နေ့တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ဆောင် ရွက်ခဲ့ကြောင်းသို့ရာတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော အခြေအနေများအရ ထိရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများအဓိကဖြစ်ပွားလျက်ရှိသောမြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများဆောင်ရွက်ရန်သမ္မတမှညွှန် ကြားချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။      
                        
ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက မြောက်ဦးမြို့တွင် မြောက်ဦးနှင့် မင်းပြားမှ သံဃာတော်များအပါအ၀င် အင်အားလေးသောင်းခန့် စုစည်း၍ ဘင်္ဂါလီများကို တိုက်ခိုက်ရန်စီစဉ်ခဲ့သည်မှာ မှန်ကြောင်း သို့ရာတွင် ပြည်နယ် အစိုးရတာဝန်ရှိသူများ၊တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ဆရာတော် သံဃာတော်များ၊ရခိုင်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဝင်များ နှင့် မြို့မိမြို့ဖများ၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိပြီးဖြစ်ကြောင်းလည်း ဦးဇော်ဌေး(မှူး ဇော်)က ၎င်း၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်။     
                       
အောက်တိုဘာလ၂၄ရက်နေ့နံနက်ပိုင်းကကျောက်ဖြူမြို့တွင်လည်းဘင်္ဂါလီအမျိုးသမီးများက ရခိုင်တိုင်းရင်း
သားများ၏နေအိမ်များသို့မီးကွင်းများဖြင့်စတင်ပစ်ခက်ရာမှပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး အပြန်အလှန်မီးရှို့မှု
များဖြစ်ပွားခဲ့ကြောင်းယင်းနေ့ညနေပိုင်းတွင်ပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက၀င်ရောက်
ထိမ်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ကိုလည်း ဖော်ပြထားပြီး အဆိုပါဖြစ်စဉ်ကြောင့်လူသေဆုံးမှု မရှိသော်လည်း ဒဏ်ရာရသူ၁၀ဦးခန့်ရှိကြောင်းဘင်္ဂါလီအချို့သည် လှေများဖြင့်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။     
                       
 အောက်တိုဘာလ၂၁ရက်နေ့ည၁၀နာရီ၃၀မိနစ်အချိန်မှစတင်ပြီး ရခိုင်ပြည်နယ်မင်းပြားမြို့နယ်အတွင်းရှိ
ကျေးရွာအချို့မှလူနေအိမ်များအားမီးရှို့ဖျက်ဆီးမှုများစတင်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်များ
တွင်ပဋိပက္ခများဖြစ်ပွားခဲ့ကြပြီးအောက်တိုဘာ၂၂၊၂၃၊၂၄ရက်နေ့များအထိ ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
ခဲ့ကြောင်း သိရသည်။                                
 
အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း ၁၀၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Eleven Media Group

0 comments:

Post a Comment