Pages

Sunday, August 5, 2012

ZTE ရဲ့ ပထမဆုံး Jelly Bean အသုံးပြု Android Smart Phone – N880E

ZTE N880E Android Smart Phone
ZTE N880E Android Smart Phone

တရုတ်နိုင်ငံ အခြေစိုက် smart phone ထုတ်လုပ်တဲ့ ZTE Company က  Jelly Bean အသုံးပြုထားတဲ့ Android Smart Phone တွေကို စတင်ဖြန့်ချိတော့မယ်လို့ ဆိုပါတယ်။ ZTE N880E လို့အမည်ပေးထားတဲ့ ဖုန်းတွေမှာ Google ရဲ့ နောက်ဆုံးထွက်ဗားရှင်း Andorid-4.1 Operating System ဖြစ်တဲ့ Jelly Bean ကို အသုံးပြုထားပြီး၊ ဒါဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး Jelly Bean အသုံးပြု Android Phone ဖြစ်လာမှာပါ။

Jelly Bean လို့ခေါ်တဲ့ Android ဗားရှင်း 4.1 ကို July လ ၁၃ ရက်နေ့မှာ Googleက ဖြန့်ချိပေးခဲ့တာဖြစ်ပြီး အဆင်မြှင့်တင်မှုတွေ အများကြီးပြုလုပ်ထားတဲ့အတွက် အသုံးပြုရာမှာ ပိုမိုမြန်ဆန်ပြီး၊ Google Now လို၊ Offline Voice typing လိုမျိုး လုပ်ဆောင်ချက်အသစ်တွေလည်း အများကြီး ပါဝင်လာပါတယ်။
ZTE N880E ဟာ အခုမှ စတင်ဖြန့်ချိလိုက်တဲ့ ဖုန်းတော့မဟုတ်ပါဘူး။ သူ့ကို May 2012 ကတည်းက ရောင်းချခဲ့တာဖြစ်ပြီး ဖြန့်ချိစဉ်က Android ဗားရှင်း 2.3 ကို အသုံးပြုထားပါတယ်။ ဖုန်းအလုံးရေ တစ်သန်းကျော်လောက် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။
အခု ဗားရှင်းမြှင့်တင်ထားတဲ့ ZTE N880E မှာပါတဲ့ hardware အချက်အလက်တွေကတော့
  • Size            119mm x 61mm x 10.4mm
  • Screen          4.0-inch, WVGA, 480 x 800 TFT, capacitive touchscreen
  • Weight          130g
  • Battery          Li-ion 1650mAh
  • Standard         CDMA2000 1x, EVDO Rev.A, 800MHz
  • OS            Android 4.1.1
  • Platform         Qualcomm 7627A
  • Frequency         1GHz
  • Memory          4GB + 512MB
  • Extended memory     MicroSD (max. support 32G)
  • Camera          3.2MP AF
  • Bluetooth         2.1, A2DP, AVRCP
  • WLAN           802.11 b/g/n
  • Other           GPS, GMS, FM, A-GPS

Myanmar 1

0 comments:

Post a Comment