Pages

Sunday, August 5, 2012

Samsung Galaxy SIII ဖုန်းများတွင် Class B ဖုန်းများဝင်ရောက်လာ


မိုဘိုင်းဖုန်းဈေးကွက်အတွင်းသို့ ၀င်ရောက်လျက်ရှိသော Galaxy SIII ဖုန်းများတွင် Class B ဖုန်းများ ဈေးကွက်ဝင်ရောက်လျက်ရှိ
ကြာင်း သိရသည်။ အသုံးပြုသူများအနေဖြင့် မိမိတို့အသုံးပြုလိုသော ဖုန်းများအား ၀ယ်ယူရာတွင် ကြည့်ရှုဝယ်ယူသင့်

သင့်ကြောင်းသတင်းရရှိသည်။


အဆိုပါဖုန်းများ၏ နောက်ကျောဖက် ဘက်ထရီအောက်ဖက်တွင် Class B ဟုရေးသားထားပြီး ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သော ဖုန်းများဖြစ်ကာ Made In Vietnam ဟုရေးသားထားကြောင်း သိရသည်။

 ယင်းဖုန်းများနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ ကျွမ်းကျင်သူများကပြောပြရာတွင် “ခုဈေးကွက်ထဲကို Class B လို့ရေးသားထားတဲ့ Samsung ဖုန်းတွေဝင်လာနေတာကို တွေ့ရတယ်။ ဈေးကတော့ နဂိုဈေးကွက်ထဲမှာရောင်းနေတဲ့ Original ဖုန်းတွေနဲ့ သိပ်မကွာဘူး။ ဈေးတန်းတူတူလောက်ပဲ။ 

ဆိုင်မှာ ရောင်းချင်ပေမယ့် ဒီဖုန်းတွေမှာ ဘယ်လိုကွာခြားချက်ရှိမှန်း ဘယ်လိုအမျိုးအစားဖြစ်မှန်း မသိသေးတဲ့အတွက် မရောင်းသေးပါဘူး။ အသုံးပြုတဲ့သူတွေအနေနဲ့ အဆင်မပြေဖြစ်လာခဲ့ရင် ကျွန်တော်တို့လို ရောင်းတဲ့ဆိုင်တွေကပဲ ဖြေရှင်းပေးရမှာလေ။

 ပြီးတော့ သုံးတဲ့သူတွေက Clsss B ဆိုတာဘာလဲ ဘယ်လိုကွာခြားလဲလို့ မေးတဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လိုရှင်းပြရမှန်းမသိဘူး။ အဲဒါကြောင့် မရောင်းရဲသေးဘူး။ ဒီဖုန်းတွေက ဈေးကလည်း လက်ရှိရောင်းနေတဲ့ဖုန်းတွေနဲ့ သိပ်မကွာဘူး တူတူလောက်ပဲ” ဟုပြောသည်။ ထို့ပြင် မိုဘိုင်းဖုန်းဆားဗစ်ဆိုင်တစ်ခုမှ ပြောပြရာတွင်လည်း “ကျွန်တော့်ဆိုင်ကို လာပြင်ကြတဲ့ဖုန်းတွေထဲမှာ Class B ဆိုတဲ့ဖုန်းတွေတွေ့ရပါတယ်။ 

ဘက်ထရီအားသွင်းထားရင်းနဲ့ အလိုလိုနေရင်း ပါဝါပျောက်သွားတာလို့ပြောတယ်။ အချို့ဟာတွေကလည်း Root လုပ်ရင်း ပါဝါပျောက်တယ်လို့ပြောတယ်။ ဒါပေမဲ့ ဒါက Class B ကြောင့်ပါလို့ ပြောလို့မရပါဘူး။ ဖုန်းတွေမှာ ပုံမှန်ဖြစ်နေကျ ပုံစံမျိုးတွေလောက်ပဲရှိသေးတယ်။ 

Hardware ပိုင်းတွေကို စစ်ဆေးလိုက်မယ်ဆိုရင်တော့ ကွာတယ်မကွာဘူးဆိုတဲ့အဖြေက သိလာမှာပါ” ဟုပြောသည်။ ကျွမ်းကျင်သူများအနေဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော Samsung ဖုန်းများနှင့် အဆိုပါ Class B ဖုန်းများကွာခြားချက်အား ဖော်ပြပေးနိုင်ခြင်း မရှိသေးသော်လည်း အသုံးပြုသူများအနေဖြင့် မိမိတို့အသုံးပြုသော ဖုန်းများမှာမည်သည့် Class မည်သည့်အမျိုးအစား၊ မည်သည့်နိုင်ငံထုတ်ဖုန်းများဖြစ်သည်ကိုမူ ကြည့်ရှုဝယ်ယူ အသုံးပြုသင့်ကြောင်းသိရသည်။ 

Samsung အရောင်းပြခန်းသို့ ဆက်သွယ်စုံစမ်းမေးမြန်းရာတွင် Class B ဖုန်းများမှာ ပြည်တွင်းတွင် အသုံးပြုနိုင်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကိုသက်(Internet Journal)

0 comments:

Post a Comment