Pages

Sunday, August 5, 2012

ထောက်ကြန့်မှာ မြောင်းပိတ်ခြင်းကြောင့်ရပ်ကွက်အတွင်း နှင့်လမ်းမကြီးအပေါ်ရေကြီး ရေလျှံနေ


 
ထောက်ကြန့်မြို့ ၊ မြို့ရှောင် လမ်းတစ်ခုဖြစ်တဲ့ ပဲခူးလမ်း မကြီးမှ ထောက်ကြန့်မြို့မ၀င်ပဲ မှော်ဘီသို့ ကားကြီးကားငယ်များ သွားလာနိုင်သော မြို့ရှောင်လမ်း တစ်ခုကိုဖောက်လုပ်ထားပါသည်။

 ပဲခူးလမ်းမကြီးပေါ်မှ မြို့ရှောင် လမ်းအစ မိုင်တိုင် ၀၀ နှင့်မိုင်တိုင် ၀၃ မှ ၀၄ အကြားမှာ ၃ပေ အ ချင်းရှိပိုင်လုံးများကို ရေထွက် ပေါက်အဖြစ် မိုင်တိုင် ၀၀ နေရာ တွင် ပိုက်လုံး ၂လုံး ပေ ၂၀၀ ကျော် ကားလမ်းအောက်တွင် လည်းကောင်း၊ ၀၃ /၀၄ မိုင်တိုင် တို့တွင် တစ်လုံးစီရှိပြီး အဆိုပါ ရေပြွန်မြောင်းမှာ သေးငယ်ပြီး အမှိုက်များ ပိတ်ဆို့ခြင်းကြောင့် ရေကြီး ရေလျှံ မှုများဖြစ်သလို မြောင်းမှာလည်း နှစ်ပေါင်း မြောက်များစွာမှ အမှိုက်များမှာ မြင့်တက်လာခြင်းတို့ကြောင့် ထို နေရာတွင် လူအားဖြင့်လုပ်နေ သော စည်ပင်သာယာအဖွဲ့နှင့် ကြံ့ခိုင် ရေးပါတီဝင် တို့ မှာလုံးဝ လုပ်နိုင်ခြင်းမရှိပေ။


 နှစ်ပေါင်းများ စွာရေမြောင်းထဲသို့ စည်းကမ်းမဲ့ အမှိုက်များကြောင့် မြောင်းရယ် လို့မရှိတော့ပဲ အမှိုက်များထုသည် အလွန်ကြီးမားပြီး စက်ယန္တရား များဖြင့် လုပ်ဆောင်မှသာ ပိုမို ထိ ရောက်ပြီး ရေကြီးရေလျှံမှုများ ကာကွယ်ရာရောက်သလို ၃ပေ အချင်းရှိ ပိုက်လုံးပိုက်လိုင်းမှာ အလွန်ပင်  ရှည်လျားလျက်ရှိပြီး ကားလမ်းအောက်တွင်  အမှိုက် များပိတ်ဆို့ခြင်း ကြောင့် ရဲစု တောင်ရပ်ကွက်၊ ဧကရာဇ် ရပ် ကွက်၊ ဘောလုံးကွင်းရပ်ကွက် တို့ မှာရေကြီးရေလျှံခြင်းများ ဖြစ် ပေါ်နေလျှက်ရှိသည်။ 


မဆင်မ ခြင် အမှိုက်များမြောင်းထဲသို့ စွန့်ပစ်ခြင်းကြောင့်လည်းကောင်း လမ်းဖောက်လုပ်ရာတွင် ရေထွက် ပေါက်ပြွန်များမှာ အလွန်ပင် သေးငယ်ပြီး ရှည်လျားခြင်းတို့ ကြောင့် လည်းကောင်း ပိုက်လုံး အ ထဲတွင်ပိတ်ဆို့နေခြင်းကြောင့် အမှိုက်များ ဆွဲထုတ်လို့မရ ဖြစ် နေခြင်းကို  မြို့နယ်တာဝန်ရှိ စည်ပင်သာယာ အရာရှိများ လမ်းတံတား အင်ဂျင်နီယာများ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာ သက်တင်တို့ နှင့် ကြံ့ခိုင်ရေးပါတီတို့မှ ဆွေးနွေး ညှိ နှိုင်းမှုပြုလုပ်နေပြီး တာဝန်ရှိသူ အသီးသီးတို့ထံ တင်ပြမှုများပြု လုပ်နေသည်ဟု သိရသည်။ 


တိုင်း ဒေသကြီး လွှတ်တော်တွင်လည်း တင်ပြရန်ရှိကြောင်း ရေပြွန် ပိုက်လုံးအသေးအစား ရေမြောင်း များအဖြစ် ပြန်လည်ပြုလုပ် မှာသာ ရေစီးရေလာ ကောင်းမွန် မှာ ဖြစ်ခြင်းကို တာဝန်ရှိသူတို့မှ ညှိနှိုင်း တွက်ချက်ကြပြီး အဆို ပါလမ်းမှာလည်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ဖောက်လုပ် ထားသော လမ်းဖြစ်သည်။ 


ယခု အခါ BOTစနစ် အဖြစ်Max Myanmar သို့ငှားရမ်းထား သော လမ်းဖြစ်ခြင်းကြောင့် ဆွေး နွေးညှိနှိုင်းမှုများနှင့် အထက် တာဝန်ရှိသူများသို့  ဆက်လက် တင်ပြရမည်ဖြစ်ကြောင်း တာဝန် ရှိသူတို့ထံမှ သိရှိရပြီး လော လောဆယ်တွင် အဆိုပါနေရာ တွင် စက်ယန္တရားကြီးများဖြင့် လမ်းဘေးဝဲယာ ရေမြောင်းများရှိ အမှိုက်များကို ဆည်ယူခြင်းဖြင့် လည်း ရပ်ကွက်အတွင်း နှင့်လမ်း မကြီးပေါ်ရေကြီးရေလျှံမှုကို ကာ ကွယ်ရာ ရောက်ပေမည်ဖြစ် ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။


HotNews ဂျာနယ်

0 comments:

Post a Comment