Pages

Sunday, August 5, 2012

မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ အလုပ် လုပ်နေသော (ဂက်စ်)စက်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွား



ယမန်နေ့ ၄ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ (ဂပ်စ်) စက်ရုံတွင်  မတော်တဆ မီးလောင်ပေါက်ကွဲမှု တခု နံနက် ၃ နာရီ ၂၀ မိနှစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မလေးရှားနိုင်ငံမှ မီးသတ်ယဉ်များအချိန်မှီ လာရောက် မီးများကိုငြိမ်းစေခဲ့ပါတယ်လို့ သိရပါတယ်။အမြန်မာလုပ်


သား ၇ ဦးအနက် ၅ ဦးမှာ မီးလောင်ဒဏ်ရာများဖြင့်  မြင်မကောင်းစွာ ဝေဒနာကို ခံစားနေရကြောင်း သိရပါတယ်။ 




အချိန်မှီ မလေးရှားမှ အရေးပေါ်လူနာတင်ယဉ် ရောက်ရှိလာပြီး ဆေးရုံသို့အချိန်မှီပို့ဆောင်ပေးခဲ့သည်ဟုသိရပါ
တယ်။ ဒဏ်ရာရရှိသူ ၅ ဦးအနက် ၁ ဦးမှာ အခြေအနေ ဆိုးရွားနေကြောင်း ကိုလွတ်မြောက်လာသူ ၂ ဦးမှ ပြောကြားခဲ့ပါတယ်။ 


ယင်းဒဏ်ရာရရှိထားသော မြန်မာလုပ်သားများကို မလေးရှားမှ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရန်စာင့်ကြည့်
နေတယ်လို့လည်း သိရပါတယ်။၎င်းမြန်မာ လုပ်သားများမှာ ပါမစ်မရှိသော မြန်မာအလုပ်သမားများဖြစ်ကြသည်။

                                                                                       
မီးလောင်ပေါက်ကွဲရာမှ လွတ်မြောက်လာသူ ၂ ဦး
(ဧဒင်ဥယျာဉ်)

0 comments:

Post a Comment