၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် News Watch ဂျာနယ်မှ မေးမြန်းရာတွင် ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလားဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ " မောင်တော တွင် ၉၇%မှာ ဘင်္ဂါလီများ နေထိုင်ပြီး၊ ဘူးသီးတောင်တွင် ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း" ပြောကြားသည်။
ဘူးသီးတောင် မောင်တောတွင် ဘင်္ဂါလီဒုက္ခသည်မရှိကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် ဘင်္ဂါလီဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ကြောင်းပြောကြားသည်။
ကိစ္စသည် နိုင်ငံတကာတွင် လူ့အခွင့်အရေးကိစ္စဖြစ်နေကြောင်း၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း" ဆိုသည့်အမေးကိုမင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် အုပ်ချုပ်သူတို့ ဘက်က လာဘ်စားမှုမျိုးလဲရှိခဲ့ကြောင်း၊ ဖြစ်ပွားခဲ့သမျှကိစ္စ
ရပ်များကို လူ့အခွင့်အရေးဘက်တစ်ခုတည်းကလည်း မကြည့်သင့်ကြောင်း၊ ဘက်ပေါင်းစုံမှ ကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။
ထိုမေးခွန်းကို ကိုကိုကြီးက ဖြည့်စွက် ဖြေကြားရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်မှလည်းကြည့်ရမည်ဖြစ်ကြောင်း၊ ဒါ့အပြင် လူသားချင်းစာနာသည့်ဘက်ကလဲကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။
၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ညနေ ၃း၀၀နာရီက ကျင်းပရာ "မစ္စတာ ကွင်တာနား ပြောကြားခဲ့သော နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကို ၈၈ အနေဖြင့် မည်သို့မြင်ပါသနည်း"ဟု အလင်းတန်းဂျာနယ်မှ မေးမြန်းရာ မင်းကိုနိုင်က " နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဥပဒေကို အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ပြဌာန်းသင့်သည် " ဟု ဖြေကြားခဲ့သည်။
0 comments:
Post a Comment