Pages

Sunday, August 5, 2012

လေထဲဦးခေါင်းစိုက် ခုန်ချခဲ့သည့် skydivers ၁၃၈ ဦး ကမ္ဘာ့စံချိန်ချိုး


အမေရိကန် အီးလီးနွိုက်ပြည်နယ် မြောက်ပိုင်းမှာ ကောင်းကင်မှခုန်ချသည့် အားကစား (Skydiving) ကိုကစား
သမားပါင်း အယောက် ၁၄၀ နီးပါးက နှင်းပွင့်ပုံစံ ဖွဲ့စည်းပြီး အရှိန်တစ်နာရီ ၂၂၀ မိုင်နှုန်းအထိ ဦးခေါင်းအောက်
စိုက်ပြီး အတည့်ခုန်ချ ပြသခဲ့ကာ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။

Federation Aeronautique Internatinale (FAI), International Air Sports Agency တို့မှ အကဲခတ်ဒိုင်လူကြီး သုံးဦးက skydivers ၁၃၈ ဦးက သောကြာနေ့ညနေပိုင်းမှာ နှင်းပွင့်ပုံစံဖြင့် ခုန်ချခဲ့ကြောင်းကို အသိအမှတ်ပြုခဲ့ ပါတယ်။
အဲဒီ skydiving အဖွဲ့သားတွေဟာ ၃ ရက်အတွင်းမှာ အကြိမ်ပေါင်း ၁၅ ကြိမ် ကြိုးစားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ လူအယောက် ၁၀၈ ဦး တင်ထားခဲ့တဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။
Myanmar 1

0 comments:

Post a Comment