Pages

Sunday, August 5, 2012

Bat file နည်းပညာ (၂)



Bat File နည်းပညာ အကြောင်း ဒုတိယအပိုင်းကိုဆက်လက် လေ့လာကြပါမယ်။ အခုဒုတိယအဆင့်အနေနဲ့

အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေသေချာချာလေး
လိုက်လုပ်ကြည့်စေချင်ပါတယ်။
Code တွေကို ကူးပြီးစမ်းကြည်.တာထက် ကိုယ်တိုင်လိုက်ရေးကြည်.စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if ‘%option%’==’1′ goto :math
if ‘%option%’==’2′ start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)
:math
echo 2+2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ. အတိုင်းပြပါလိမ့်မယ်…
This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ. 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2+2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ. စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )
Press any key to continue…
အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ…
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့်
နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ. အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ…
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math
ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့
ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော်
အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)
ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်… နားလည်အောင် သေချာကြည့်ပေးပါ.
set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။
ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို
Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခ့တဲ ယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့
ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်
ခုနက Program ကို ပြန်ဆက်ပါမယ်…
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ.ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့
ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်… နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း
မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်
set choice
if ‘%choice%’==’1′ goto :math
ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function
အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခ့ပဲါရစ)
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်။



http://mcxeros.multiply.com/journal/item/31

http://shwekoyantaw.blogspot.com

0 comments:

Post a Comment