Pages

Sunday, August 5, 2012

မြန်အောင်မြို့နယ်မှာ ကားတိမ်းမှောက်မှု ခရီးသည် နှစ်ဦး သေဆုံးပြီး (၅၀)ဦး ဒဏ်ရာ ပြင်းထန်စွာရ


ကားမှောက်ခဲ့စဉ် မြင်ကွင်းဓါတ်ပုံ
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ထန်းသုံးပင် ကျေးရွာအုပ်စု အတွင်းမှဘုရားဖူးခရီး သည်များအားပန်းတောင်းမြို့နယ် ထုံးဘို
တိုက်နယ် အနီးရှိ အကောက်တောင်သို့ ဘုရားဖူး ပို့ဆောင်ပေးအပြီး ပြန်လည်ထွက်ခွါလာရာ မြန်မောင်မြို့နယ် အတွင်းဟင်္သာတ
 - မြန်အောင်လမ်းပိုင်းပေါ်တွင် ဆပ်ပြာကျင်း ကျေးရွာ အရောက် ၀ါဆိုလပြည့်နေ့ သြဂုတ်လ (၂) ရက် နေ့  ညနေ(၅း၃၀)၀န်းကျင်
တွင် ပြင်းထန်စွာ တိမ်းမှောက်ခဲ့သည်။
 မော်တော်ယဉ်မှာ တစ်ပတ်လည် သွားပြီး ခရီးသည်နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးပြီးခရီးသည်(၅၀)ကျော်မှာ ပြင်းထန်စွာဒါဏ်ရာ
ရှိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

မော်တော်ယာဉ်မှာ Farm Truck လယ်ယာသုံးယာဉ် ဖြစ်ပြီး မြို့နယ်အတွင်းရှိ ၀ပ်ရှော့များမှာ ပင်တပ်ဆင် ထုတ်လုပ်ခြင်းဖစ်ပြီး(၄)
လုံးထိုးအင်ဂျင်ကို တပ်ဆင်ထားကာ အရှိန်ပြင်းစွာမာင်းနှင်ခြင်းကြောင့်ယခုကဲ့သို့ ၀မ်းနည်းဖွယ်ရာ ယာဉ်မတော် တစ်ဆမှုဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း မြန်အောင်မြို့ ခံ တဦးက ပြောပါသည်။

ဖြစ်စဉ်အသေးစိတ် ကိုလည်း ကူညီဆောင်ရွက်သူများ က အခုလိုပြောပြထားပါသည်။ 

(၁) ယဉ်တိမ်းမှောက်ပြီး လျှင်ပြီးချင်း အရေးပေါ်လူနာများကို  မီးသတ်တပ်ဖွဲ့မှ ယာဉ်ဖြင့် ဆေးရုံသို့ လျှင်မြန်စွာ ပို့ဆောင်ပေးနိုင်ခဲ့။

(၂) မြို့နယ်ဆေးရုံအုပ်ကြီးမှဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုဆရာမများကို duty ချိန်မရှိသည့် ၀န်ထမ်းများအားလုံးကို ဆေး
ရုံ သို့ အရေးပေါ်ခေါ်ဆောင်ခဲ့။

(၃) သို့ရာတွင် မြို့နယ်ဆေးရုံရှိ ဆရာဝန်အင်အားမှာ ဖွဲ့စည်းပုံအရေအတွက် အတိုင်းမရှိသည့် အပြင်ဆရာဝန်နှစ်ဦးမှာ ဖောင်ကြီး
ဗဟိုဝန်ထမ်း တက္ကသိုလ်သို့တပြိုင်တည်း စေလွှတ်ထားရသဖြင့်ဆရာဝန်အင်အားမှာ လုံလောက်မှုမရှိခဲ့။

(၄) မြို့နယ်ဆေးရုံအုပ်ကြီး အပါအ၀င် ဆရာဝန်သုံးဦးသာ အရေးပေါ်လူနာ(၅၀)ကျော်ခန့်ကို မနိုင်မနင်း ကိုင်တွယ်ခဲ့ရ။ မြန်အောင်မြို့နယ်အတွင်းရှိ ရွှေကျင်တိုက်နယ်ဆေးရုံသည်ဖွင့်လှစ်ပြီးသော်လည်းသူနာပြုများချ ထားပေးခြင်းမရှိသည့် အတွက် မြို့နယ်ဆေးရုံမှသူနာပြုများမှ သွားရောက် တွဲဖက်တာဝန် ထမ်းဆောင်နေရသဖြင့် မြို့နယ်ဆေးရုံတွင် သူနာပြုအင်အား လုံလောက်စွာရှိ၊ မရှိကို တိကျစွာမသိရ။

(၅) ကျိုးပဲ့လူနာများ အတွက် ဓါတ်မှန်ရိုက်ကူးရာတွင်လည်း ဓါတ်မှန်ရိုက်ကူးသူမှာ အရက်မူးနေပါသဖြင့် လုပ်ငန်းကို ကောင်းစွာမဆောင်ရွက်နိုင်၊ အရပ်သားများမှဝိုင်းဝန်း ကူညီခဲ့ရ။

(၆) ဓါတ်မှန်ရိုက်ကူးရန် စောင့်ဆိုင်းရာတွင် လူနာများမှာ ပြင်းထန်စွာဒါဏ်ရာ ခံစားနေရသည့် ကြားမှ ဓါတ်မှန်ခန်းရှေ့ရှိ ကျောက်ပြားများပေါ်တွင် ပက်လက်အနေအထားဖြင့် လူနာများများပြားစွာ စောင့်ဆိုင်းခဲ့ရ။ အချို့လူနာများမှာ အောက်စီဂျင်ဗူး တန်းလန်းနှင့် ကျောက်ပြားများပေါ်တွင်စောင့်ဆိုင်းခဲ့ရ။

(၇) ဆေးရုံတွင် လူနာများအား နေရာချထားရာတွင်လည်း အခန်း မလုံလောက်မှုကြောင့် ဆေးရုံကော်ရစ်ဒါများတွင် ပြည့်ကျပ်စွာ မိမိအစီအစဉ်ဖြင့် ပြင်းထန်သောဝေဒနာများကို ခံစားရင်းနေရာယူခဲ့ရ။

(၈) ဆေးရုံကော်ရစ်ဒါများတွင် ပြည့်ကျပ်ဆင်းရဲစွာနေထိုင်ရသော်လည်း ဆေးရုံရှိအောက်ခြေ ၀န်ထမ်းများထံမှ လူနာများအားနေရာချထားရာတွင်ကူညီမှုမရရှိ။(ထိုအချိန်တွင်ဆေးရုံအုပ်ကြီးမှာခွဲခန်းများ တောက်လျှောက်ဝင်နေသည်)

(၉) လူနာများမှာ ခွဲခန်းအ၀အနီးတ၀ိုက်ရှိ သစ်သားကြမ်းပြင်များနှင့် အခြားလူသွားလမ်းများ ပေါ်တွင်ကြပ်တည်းစွာ
နထိုင်ရလျှက်ရှိ။

(၁၀) မြို့ပေါ်ရှိစေတနာရှင်များမှ အခင်းဖြစ်ပွားရာ ညတွင်ရေနှင့်အစားအစာများ လာရောက် လှူဒါန်းမှုများရှိခဲ့။

(၁၁) ထိခိုက်ဒါဏ်ရာရရှိသူ အများစုမှာ နွမ်းပါသူများဖြစ်ကြသဖြင့် အကူအညီပေးမှုများ မျှော်လင့်လျှက်ရှိပါကြောင်း ကားတိမ်မှောက်မှုမှာ လိုက်ပါကူညီ ဆောင်ရွက်သူတွေ ရဲ့ ပြောပြချက်ကို Myanmar News Now မှ ဖေါ်ပြအပ်ပါသည်။

 Myanmar News Now

0 comments:

Post a Comment