Pages

Sunday, August 5, 2012

Facebook ရှယ်ယာများ အနိမ့်ဆုံးရောက်ရှိ


Facebook သည် ၄င်း၏ လူမှုရေးဝက်ဘ်ဆိုက်ကို အများပိုင်အဖြစ် ပြောင်းလဲခဲ့ပြီးနောက် မေလ ၁၈ ရက်တွင် နောက်ဆုံးသတ်မှတ်ထားသော ရှယ်ယာတစ်ခု တန်ဖိုးမှာ ၃၈ ဒေါ်လာ ဖြစ်သော်လည်း နောက်ဆုံး ထွက်ပေါ်လာ
သော တစ်ပတ်အတွင်း ရှယ်ယာပိတ်သိမ်းပြီး တန်ဖိုး မှာ ဒေါ်လာ ၂၃.၇၁ သာရှိတော့သည့် အတွက် အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
Facebook အနေဖြင့် ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအထိ အရှုံးငွေပေါင်း ဒေါ်လာ ၁၅၇ သန်း အထိ ရှိနေ ပြီဟု ကြေညာထုတ်ပြန်ပြီး တစ်ရက်အကြာမှာပင် ထိုကဲ့သို့ ရှယ်ယာ ဈေးနှုန်းများ ကျဆင်ခဲ့ခြင်းဖြစ်သည်။ 


ဒုတိယ ၃ လပတ်အတွက် ကြေညာသည့် Facebook ၏ ဝင်ငွေပမာဏမှာ ဒေါ်လာ ၁.၁၈ ဘီလီယံ အထိ မြင့်တက်ကာ ရာခိုင်နှုန်းအနေဖြင့် ၃၂ ရာခိုင်နှုန်း ရှိခဲ့သော်လည်း အဆို ပါပမာဏမှာ ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်ထားသည့် ပမာဏအောက်မှာပင် ရှိနေခဲ့ခြင်းဖြစ်သည်။


ထိုကဲ့သို့ ရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်းကြောင့် Facebook ပိုင်ရှင်ဖြစ်သူ CEO Mark Zuckerberg မှာ ကမ္ဘာ့ဘီလီယံနာများစာရင်းမှ အဆင့်လျော့ကျခဲ့ရသလို ၄င်း၏ စုစုပေါင်း အ သားတင် ချမ်းသာမှု ဒေါ်လာ ၁၃.၇ ဘီလီယံမှ ဒေါ်လာ ၁.၆ ဘီလီယံ ဆုံးရှုံးသွားခဲ့ရသည်။ 
သို့ရာတွင် Mark Zuckerberg မှာ IPO အဖြစ်ပြောင်းလဲပြီးနောက်မှာပင် ၄င်း၏ရှယ်ယာများ ထဲမှ ၃၀.၂ သန်းပမာဏအထိရှိသည့် ရှယ်ယာများကို တစ်စုလျှင် ဒေါ်လာ ၃၇.၅၈ နှုန်းဖြင့် ရောင်းချခဲ့ရာ၌ ဒေါ်လာ ၁.၁ ဘီလီယံ ပမာဏ ဝင်ငွေတိုးပွားသွားခဲ့သည်။
လက်ရှိတွင် Facebook လစဉ် အသုံးပြုသူ အရေအတွက်မှာ ၉၅ သန်းအထိ ရှိသော်လည်း fake profiles များရှိနေသည်က မေးခွန်းထုတ်စရာ ရှိသလို mobile device မှ နေ့စဉ် log in ဝင် ရောက်သူမှာလည်း နှစ်အလိုက် ၅၄၃ သန်းအထိ ရှိသော်လည်း မိုဘိုင်းမှအမြတ်ရရေးမှာ ခေါင်းစား စရာ issue တစ်ခု ဖြစ်လျက်ရှိသည်။
Myanmar 1

0 comments:

Post a Comment