Pages

Sunday, August 5, 2012

၈၈ ကျောင်းသားများ အဖွဲ့ မုံရွာသို့ သွားရောက်မည်



ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း ဖော်ဆောင်ရန်အတွက် သြဂုတ်လ ၉ ရက် နေ့တွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ကျောင်းသား ၁၂ ဦးသည် မုံရွာမြို့သို့ လာရောက်မည် ဖြစ်ကြောင်း မုံရွာမြို့မှ ကြိုဆိုရန်နှင့် ယင်းအဖွဲ့လာရောက်စဉ်တွင် အကူအညီပေးရန် စီစဉ် ဆောင်ရွက်နေသည့် မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

၈၈ကျောင်းသားများ အဖွဲ့သည် မုံရွာမြို့သို့ သြဂုတ်လ ၉ရက်နေ့ ညပိုင်းတွင် ရောက်ရှိမည် ဖြစ်ပြီး မြို့ခံ လူထုနှင့် တွေ့ဆုံ စကားပြောရန် သြဂုတ်လ ၁၀ရက်နေ့ နံနက်ပိုင်း ၉နာရီအချိန်တွင် သတ်မှတ်ထားပြီး တွေ့ဆုံမည့် နေရာအား ယခုအချိန်အထိ အတိအကျ မသတ်မှတ်ရသေးကြောင်း အကူအညီ ပေးရန် စီစဉ်နေသည့် မုံရွာမြို့ခံအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“အရင်တုန်းက လာမယ် မုံရွာဒေသခံတွေနဲ့ တွေ့ပြီး ပွင့်လင်း လူ့အဖွဲ့အစည်း တစ်ရပ် ဖော်ဆောင်မယ် ဆိုပြီး စီစဉ်ထားတယ်။ အခု အခြေအနေက မုံရွာမြို့ပေါ်ထက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက လယ်သိမ်းခံရတဲ့ တောင်သူတွေရဲ့ ကိစ္စကလဲ အရေးကြီးနေတော့ အဲဒီဘက်က ဒေသခံတွေနဲ့လည်း တွေ့ဆုံမယ် ထင်ပါတယ်”ဟု မုံရွာမြို့ခံ ၈၈ ကျောင်းသားတစ်ဦးက ယင်းခရီးစဉ်နှင့် ပတ်သက်၍ သုံးသပ် ပြောကြားသည်။

ကိုမင်းကိုနိုင်နှင့် အဖွဲ့မှာ သြဂုတ်လ ၁၁ရက်နေ့ နံနက် စောစောတွင် မုံရွာမှ ရေစကြိုမြို့သို့ ဆက်လက် ခရီးဆက်မည် ဖြစ်ကြောင်း အကူအညီ ပေးရန် စီစဉ်နေသည့် အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

TheVoiceWeekly

0 comments:

Post a Comment