Pages

Sunday, August 5, 2012

ADATA HD710 USB 3.0 External Hard disk



ADATA အမှတ်တံဆိပ်မော်ဒယ် HD 710 ဖြင့် USB 3.0 External Hard disk တစ်မျိုးဖြစ်ပါတယ်။ ရေစိုခံ၊ လွတ်ကျခံတဲ့ External Portable Hard disk ဖြစ်တယ်လို့သိရပါတယ်။ Hard disk မှာ Rubber Casing ဖြစ်တဲ့အတွက်ကြောင့် ရေစိုခံသလို မတော်တဆလွတ်ကျတဲ့ဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။


USB Cable ကို Hard disk အတွင်းပတ်ထားနိုင်တာကြောင့် Cable မေ့ကျန်ပျောက်ဆုံးခြင်း မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။ အရောင်အားဖြင့် အ၀ါနဲ့ အပြာနှစ်မျိုးရှိတယ်လို့ သိရပါတယ်။ ကွန်ပျူတာနဲ့ ဆက်သွယ်ထားတဲ့အခါမှာတော့ LED ဖြင့် အချက်ပြပေးတယ်လို့ သိရပါတယ်။


 ဈေးနှုန်းကတော့ 1TB ကို USD 141 ဖြစ်ပါတယ်။အာမခံတစ်နှစ်ပေးထားပါတယ်။ 


အသုံးပြုချင်တယ်ဆိုရင်တော့ Micro Computer Co.,Ltd. အမှတ် ၁၄၃၊၄၆ လမ်း(အထက်)၊ ဗိုလ်တထောင်မြို့နယ်။ ဖုန်း ၂၉၄၅၀၃ ၊၂၀၂၄၅၃၊ ၇၂၁၆၆၈ တို့တွင် ဆက်သွယ်စုံစမ်း ၀ယ်ယူအသုံးပြုနိုင်သလို ရန်ကုန်မြို့ရှိ ကွန်ပျူတာဆိုင်ကြီးများတွင်လည်း ၀ယ်ယူအသုံးပြုနိုင်ပါတယ်။


Internet Journal

0 comments:

Post a Comment