Pages

Sunday, August 5, 2012

အွန်လိုင်းမှတစ်ဆင့် မိမိစောင့်ကြည့်လိုသည်များကို စောင့်ကြည့်နိုင်သည့် IP Wireless Camera



အွန်လိုင်းမှတစ်ဆင့် မိမိစောင့်ကြည့်လိုသည်များကို အင်တာနက်ဖြင့်ချိတ်ဆက်ပြီး Computer, Laptop, Notebook, iPhone, Android OS သုံးဟန်းဆက် စတာတွေမှတစ်ဆင့် ကြည့်ရှုနိုင်သော IP Wireless Camera တစ်မျိုး နေပြည်တော်ဈေးကွက်ထဲကို ၀င်ရောက်လာပါတယ်။ ဒီ IP Wireless Camera က D-Link အမျိုးအစားဖြစ်ပြီး မော်ဒယ်နံပါတ်က DSC 930 L ပါ။


အင်တာနက်ဖြင့် ချိတ်ဆက်ထားတဲ့ Computer, Laptop, Notebook, iPhone, Android OS သုံးဟန်းဆက်၊ Tablet တို့ကနေ မီးဘေးစိုးရိမ်လို့ မီးဖိုချောင်ကိုပဲဖြစ်ဖြစ်၊ စိတ်မချရတဲ့ အသက်အရွယ်ဖြစ်တဲ့ အိုကြီးအိုမနဲ့ ကလေးငယ်တွေကိုပဲဖြစ်ဖြစ်၊ ခိုးသူရဲ့ရန်ဘေးကိုပဲဖြစ်ဖြစ်၊ မိမိအိမ်မွေးတိရစ္ဆာန် Pet ကလေးတွေရဲ့ ချစ်စဖွယ်အပြုအမူကို စောင့်ကြည့်တာပဲဖြစ်ဖြစ် အင်တာနက် connection မိတဲ့ အဝေးတစ်နေရာကနေ ကြည့်ရှုလို့ရတယ်လို့ သိရပါတယ်။

 စောင့်ကြည့်တဲ့ပုံရိပ်တွေကို ရုပ်သေဖိုင်၊ ရုပ်ရှင်ဖိုင်အနေနဲ့လည်း သိမ်းဆည်းနိုင်ပါတယ်။ အဆိုပါ IP Wireless Camera ကို ၀ယ်ယူတဲ့အခါမှာတော့ ကင်မရာအပါအ၀င်၊ Adaptor တစ်ခု၊ Network ကြိုးတစ်ချောင်း၊ Driver CD တစ်ချပ်တို့ တစ်ခါတည်းပါဝင်မှာဖြစ်ပါတယ်။ 

အသုံးပြုချင်တယ်ဆိုရင်တော့ နေပြည်တော်ပျဉ်းမနား၊ ဗိုလ်တာရာလမ်း၊ ချိန်တန်ပြီကဖေးအနီးတွင် ဖွင့်လှစ်ထားသော ESE Computer Center ဖုန်း- ၀၆၇-၂၄၄၅၆ မှာဆက်သွယ်စုံစမ်း လေ့လာဝယ်ယူနိုင်ပါတယ်။

ကျော်ဇေယျ(Internet Journal)

0 comments:

Post a Comment