Pages

Wednesday, March 27, 2013

နတ်တလင်းမြို့နယ်တွင် ကောလဟာလများကြောင့် ရဲနှင့်တပ်တို့ ရွှေ့လျား လုံခြုံရေးယူနေရ

ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၇ ရက် ၂၀၁၃ ခုနှစ် 
နတ်တလင်းမြို့နယ်တွင်အဓိကရုဏ်းဖစ်စေမည့်ကာလဟာလများကြောင့်ရဲလုံခြုံရေးများနှင့် စစ်တပ်တို့မှ ရွှေ့လျား လုံခြုံရေးယူနေရကြောင်း နတ်တလင်းမြို့နယ် ရဲစခန်းမှ သိရသည်။ထိုသို့ လုံခြုံရေးယူရခြင်းမှာ မီးရှု့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း နတ်တလင်း မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တဦးက ပြောသည်။ ၎င်းက “ကျွန်တော်တို့ မြို့နယ် ရဲတပ်ဖွဲ့အနေနဲ့တော့ အကုန်လုံး ဖြန့်ကျက်ထားပါတယ်။ နေရာအနှံ့ပါ။ တချို့နေရာတွေ ရွှေ့လျားသွားလာနေပါတယ်” ဟု ဆက်ပြောသည်။

ထိုသတင်းကြောင့်ရဲဝန်ထမ်းများအပြင် စစ်တပ်မှ ပူးပေါင်း၍ အင်အား ၁၀၀ကျော်ခန့် နေရာယူထားကြောင်း သိရသည်။

နတ္တလင်းမြို့တွင် မတ်လ ၂၆ ရက်နေ့ ညက ဗလီတလုံးနှင့် လူနေအိမ်အချို့ ဖျက်ဆီးခံခဲ့ရကြောင်း သတင်း ရရှိသည်။

ထို့အပြင်ယခုလတ်တလောတွင်နတ်တလင်းမြို့နယ်တွင်းရှိတာပွန်တိုက်နယ်သို့ လူအုပ်တချို့တက်လာ
သဖြင့် တာဝန်ရှိသူများက တားဆီးထားကြောင်း နတ်တလင်းမြို့နယ်ရဲစခန်းမှ အတည်ပြုသည်။
ရန်ကုန်(မဇ္ဈိမ)
 

0 comments:

Post a Comment