Pages

Wednesday, March 27, 2013

ပဲခူးတိုင်း အနောက်ဘက်ခြမ်း မိုးညိုမြို့မှ ဗလီတစ်လုံးကို အကြမ်းဖက်သမားများဖြိုဖျက်(ည ၉ နာရီ ၂၀ မိနစ် )

မတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်
ယနေ့ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊မိုးညိုမြို့ ဇောတိက ရပ်ကွက်၊ပန်းသပြေလမ်းရှိ ဗလီတစ်လုံးအား အင်အား ၃၀၀ ခန့်ရှိ လူအစုအဖွဲ့မှ ဖျက်ဆီးခဲ့ကြကြောင်း သိရ
သည်။ ထို့ကြောင့် မိုးညိုမြို့ကို ယနေ့ည ၇ နာရီခွဲမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း၊ ဖျက်ဆီးသူများမှာ အနီးအနားရှိ ရွာများမှ တက်လာသူများ ဖြစ်ကြောင်း၊လုံခြုံရေးအင်အား ၃၀ ခန့် ချထားပြီး လက်ရှိတွင် ဆူပူဖျက်ဆီးမှုများ၊လူအစုအဖွဲ့များ မရှိတော့ကြောင်း မိုးညိုမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကEleven Media Group သို့ ပြောကြားခဲ့သည်။
Eleven Media Group,Rangonnewsdaily
Kolatt(PBDN):27.3.2013
 

0 comments:

Post a Comment