Pages

Wednesday, March 27, 2013

တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်

တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်

27-3-2013

E-mail Printပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေးကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည် ။0101ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ဝယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။“ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုးတစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် ” ဟု သူက ဆိုသည် ။မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀ဝ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈ သောင်း ဝန်းကျင် (ကျပ်သိန်း ၁၀ဝ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက - “ အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့ ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ဝယ်ထားကြတယ် ” ဟု ဆိုသည် ။ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီများ အဝယ်လိုက်နေကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>Shan News<< Thank

27-3-2013

ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေးကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွ မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည်။ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ဝယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။“ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုးတစ်လျှောက် မန္တလေး အထိပေါ့။ 
 
အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် ” ဟု သူက ဆိုသည် ။မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀ဝ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈ သောင်း ဝန်းကျင် (ကျပ်သိန်း ၁၀ဝ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။
 
ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက - “ အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ 
 
မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့ ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ဝယ်ထားကြတယ် ” ဟု ဆိုသည် ။ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီများ အဝယ်လိုက်နေကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့် Shan News,Rangonnewsdaily
RND:27.3.2013

0 comments:

Post a Comment