Pages

Wednesday, March 27, 2013

ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့ရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများ ယနေ့နေ့လည်ပိုင်းကဖျက်ဆီးခံရ( မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်)

ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့လယ်တွင် ရှိသော အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေး တာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစု ကွဲသွားကြောင်း အုတ်ဖိုမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သူများသည် အုတ်ဖိုမြို့၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ
များမှ လာရောက်ခဲ့သူ အများအပြား ပါဝင်နေပြီး မြို့ခံအချို့နှင့် ပူးပေါင်းကာ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Eleven Media Group,Rangonnewsdaily
RND:27.3.2013

0 comments:

Post a Comment

 
world time