Pages

Wednesday, March 27, 2013

နတ်တလင်းမြို့တွင်ဗလီနှင့် နေအိမ်အချို့ပျက်စီး

နတ်တလင်း၊ မတ် ၂၇။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ယခုနံနက် တစ်နာရီထိုးအချိန်ခန့်တွင် မြို့တွင်းစာတိုက် လမ်းမ
ပေါ်ရှိ ဗလီတစ်လုံးနှင့် နေအိမ်၃လုံး ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။ 
“လူတွေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ နေ့ခင်းကတည်း ထွက်သွားကြတယ်။” ဟု ဆက်လက်ပြော
ကြားသည်။
မီးလောင်ခြင်း တစ်စုံတစ်ရာ မရှိကြောင်းနှင့် ပေါင်းတည်မြို့မှ စစ်တပ်ရောက်ရှိလာကာ လူစုလူဝေးများ ခွဲ
ခိုင်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖျက်စီးကြရာတွင် ကျေးရွာများမှ တက်လာကြသည်ဟု ထင်မှတ်ရသော လူအများစုက ဦးဆောင်ဖျက်
စီးကြပြီး မြို့ခံလူအနည်းစုသာ ပါဝင်ကြေင်း မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦး က ပြောကြားသည်။

မြန်မာ့ခေတ်((စါရွက်စါတမ်းတွေ တင်ကြိုဖြန့် တယ် - ၀င်မလာမှီ လျှပ်စစ် မီးတွေ ပြတ်သွားတယ် ဖုံးတွေ
ပြတ်သွားတယ် ခရာတွေမှုတ်ပြီး မျက်နှာစိမ်းတွေ ကားသစ်တွေနဲ့  မြို့ ရွာထဲ ချောမောလွယ်ကူ ၀င်လာပြီး နှစ်ဖက်လုံး (မြန်မာရော - မူဆလင်ရော) ရဲ့  အိမ်တွေဆိုင်တွေကို လက်နက်တွေ နဲ့  ၀င်ဖျက်သွားတယ် ..ပြီးတော့ အတားအဆီးလုံးဝ မရှိ ပြန်ထွက်သွားတယ်... သူတို့ ဘယ်သူတွေလဲ ... ဘယ်သူမှမတားကြဘူး လား.... ပြည်သူတွေသူတို့  ထောင်ချောက် ထဲ မ၀င်မိဖို့ သတိပေးလိုပါတယ် )) မင်းကိုနိုင်

သယန်းကျွန်းဒရ်ကာဗလီကိုခွေးခြောက်ခွေးတွေမီကွင်းလာပစ်တာကိုရပ်ကွက်ကမွစ်လင်မ်တွေအားလုံး
က၀ိုင်းဖမ်းမိသွားတယ်။ဗလီနားကသူငယ်ချင်းကသတင်းပေးပါသည်။
 
 
RND: 27.3.2013
Rangonnewsaily

0 comments:

Post a Comment