Pages

Wednesday, March 27, 2013

`သင်္ဃန်းကျွန်းမြို့နယ်တွင် အကြမ်းဖက်မှု လှုံ့ဆော်ရေးသမားအား ရပ်ကွက်အတွင်းနေ မွတ်စလင်မ်များမှ ၀ိုင်းဝန်းဖမ်းဆီး၍ သက်ဆိုင်ရာသို့အပ်´

ယနေ့ည(၁၀)နာရီခွဲလောက်အချိန်ကရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဆူပူမှုဖြစ်စေရန် လူ (၃) ဦးမှ လာရောက်လှုံ့ဆော်သွားကြောင်း သတင်းရရှိပါတယ်။`(၁၀)နာရီခွဲလောက်ကပါ။ သင်္ဃန်းကျွန်း၊ ဇာဝေယာ ဈေးလမ်းကြားမှာ လာအော်ပါတယ်။ ကုလားတွေကို မျိုးဖြုတ်ပစ်မယ်လို့ အော်သံတော့ ကြားလိုက်ပါတယ်။ ကြားကြားချင်း ရပ်ကွက်က မွတ်စလင်မ်တွေက သုံးယောက်ကို တွေ့လို့ ၀ိုင်းဖမ်းကြပါတယ်။ နှစ်ယောက်က လွတ်သွားပါတယ်။ ဖိနပ်တွေဘာတွေတော့ ကျန်ခဲ့ပါတယ်။ တစ်ယောက်ကိုတော့ မိတာနဲ့ ရပ်ကွက်လူကြီးနဲ့ ရဲတွေလက်ထဲ အပ်လိုက်ပါတယ်။ ရပ်ကွက်ရုံးထဲခေါ်သွားပြီး တံခါးကို ပိတ်လိုက်ပါတယ်။ အပြင်က လူထုက စောင့်ကြည့်ပြီး ဖမ်းမိတဲ့သူကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။ အဲ့ဒီလူက မူးနေပါတယ်။ 
 
သူက ရဲတွေကို ပြန်အော်နေပါတယ်။ မင်းတို့ ဖမ်းရဲတဲ့ကောင် ငါ့ကို ဖမ်းကြည့်လိုက်။ ဖမ်းရဲရင် စခန်းကို ခေါ်သွားကြ။ ဟိုရောက် ငါဘာကောင်လဲဆိုတာ မင်းတို့သိရမယ်လို့ ရဲတွေကို ပြန်အောင်နေတာ အပြင်က ကြားရပါတယ်။ နောက်တော့ ရဲတွေက အဲ့ဒီလူကို ဓာတ်ပုံရိုက်မရအောင် ဒိုင်းတွေနဲ့ကာပြီး ရဲကင်းလှည့်တဲ့ ဟိုင်းလပ်ကားရဲ့ ရှေ့ခန်းမှာတင်ပြီး ဂဖူးကွေ့ဘက်ကို ခေါ်သွားပါတယ်။ 
 
အသက်က (၃၀)၀န်းကျင်ပါ။ ကတုံးတော့ တုံးမထားပါဘူး။ ဆံပင်နဲ့ပါ။ ရိုးရိုးလူပါ။ ကျနော်တို့အိမ်နားတင် ဖြစ်သွားတာပါ´လို့ သင်္ဃန်းကျွန်းဒေသခံတစ်ဦးမှ အလင်းမျက်ဝန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားတာ ဖြစ်ပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းသို့ ဖုန်းနံပါတ် ၀၁၅၆၂၅၄၄ သို့ ဆက်သွယ်မေးမြန်းရာ မသိရှိကြောင်းပြော၍ အခြားနံပါတ်တစ်ခုဖြစ်တဲ့ ၀၁၅၆၂၅၈၈ သို့ ထပ်မံဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခုပြော၍ ဖုန်းချသွားပါတယ်။

နံပါတ်သစ်သို့ ပြန်လည်ဆက်သွယ်ရာ မအားလပ်သောကြောင့် သတင်းပေးပို့ ဆက်သွယ်လာသူအား ပြန်လည်ခေါ်ဆိုမေးမြန်းရာ မိမိအိမ်နားတွင်ဖြစ်၍ ဖမ်းဆီးသူထဲတွင် မိမိကိုယ်တိုင် ပါဝင်ခဲ့ပါကြောင်းနဲ့ သတင်းမှန်ကန်ကြောင်း အတည်ပြု ပြောဆိုသွားပါတယ်။
 
ကေတီဇတ်ဦး
RND: 27.3.2013
Rangonnewsaily
 

0 comments:

Post a Comment