Pages

Wednesday, March 27, 2013

ပဋိပက္ခများသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားသော ပြဿနာဟု မယူဆဘဲ ကြိုတင် စီစဉ်အကွက်ချပြီး လုပ်ဆောင်သော လူတစ်စု၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သဘောထားထုတ်ပြန်

Glass fragments lie on the floor of a mosque that was damaged during the riot in Meikhtila March 23, 2013. REUTERS/Soe Zeya Tun
Glass fragments lie on the floor of a mosque that was damaged during the riot in Meikhtila March 23, 2013. REUTERS/Soe Zeya Tun
Wednesday, 27 March 2013
ယခုရက်ပိုင်းများအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားသော ပြဿနာဟု မယူဆဘဲ ကြိုတင် စီစဉ်အကွက်ချပြီး လုပ်ဆောင်သော လူတစ်စု၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် သဘောထား ကြေညာချက် (၂/၂၀၁၃) ကို ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည် သဘောထား ထုတ်ပြန်ချက်တွင် အချက် (၆) ချက်ပါဝင်ပြီး ယခု လက်ရှိ ဖြစ်ပေါ်နေသော ဖြစ်ရပ်များကြောင့် အေးချမ်းစွာ နေထိုင်ကြသည့် ပြည်သူအများ နှလုံးစိတ်ဝမ်း မချမ်းမြေ့မှုများ ဖြစ်ပေါ် ခံစားနေကြကြောင်း၊ 
ထိုဖြစ်ရပ်များသည် ဗုဒ္ဓ ဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်ဝင်များအကြား ဖြစ်ပွားနေသည်ဟု မယူဆကြောင်း၊ ဖြစ်စဉ် တစ်ရပ်လုံးမှာ ဘာသာရေးကို ခုတုံးလုပ်ကာ ကြိုတင် အကွက်ချ ဖန်တီးလှုံ့ဆော်မှုများဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးကို ဖျက်ဆီး လုယက် ဆူပူရမ်းကားလိုသော လူတစ်စု၏ အကြမ်းဖက် ဆောက်ရွက်ချက် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ထို့အပြင် အစ္စလာမ် ဘာသာဝင်များ၏ အသက်၊ အိုးအိမ်များ၊ ဗလီ ၀တ်ကျောင်းတော်များနှင့် ဘာသာရေး စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးရခြင်းမှာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ ထိရောက်စွာ ဟန့်တား ကာကွယ် အရေးယူ ဆောင်ရွက်မှု လျော့နည်း ပျက်ကွက်မှုကြောင့် ဖြစ်ရကြောင်း သုံးသပ် တွေ့ရှိသည်ဟု ဖော်ပြခဲ့ပြီး အကြမ်းဖက်မှုများတွင် ပါဝင် ဆောင်ရွက်သူများနှင့် နောက်ကွယ်မှ စီစဉ် အကွက်ချ ဖန်တီး လှုံ့ဆော်သူများအား ဥပဒေ ပြဌာန်းချက်များနှင့် အညီ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် လူမျိုး ဘာသာ မခွဲခြား ထိန်းသိမ်း စောင့်ရှောက်မှု ပေးခဲ့ကြသော ဗုဒ္ဓဘာသာဝင် ဆရာတော် သံဃာတော်များများ၊ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များနှင့် ဟိန္ဒူ ဘာသာဝင်များတို့အား အထူး အလေးအနက် ကျေးဇူးတင်ကြောင်းလည်း သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
 
Rangonnewsdaily
Kolatt(PBDN):27.3.2013
 

0 comments:

Post a Comment