Pages

Wednesday, March 27, 2013

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဆိပ်ကမ်းဆောက်လုပ်မည်

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဆိပ်ကမ်းဆောက်လုပ်မည် 

Created on Wednesday, 27 March 2013 11:08 

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်း ဆောက်လုပ်ရန် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောသည်။

“သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေ နဲ့ ဆိပ်ကမ်းတိုးချဲ့ လုပ်ကိုင်ဖို့ ရှိပါတယ်။ ဂျပန်က (ODA) ချေးငွေ ရယူပြီးဆောင်ရွက်ဖို့ အခုလအတွင်း သဘောတူလက်မှတ် ရေးထိုးဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် ၃၇ ကွက် အနက် မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်သွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံးတွင် ပါဝင်သည့် လုပ်ငန်းများအားလုံးကို ကာလရှည် အတိုးနှုန်းနိမ့် (ODA) ချေးငွေဖြင့် ကူညီရန် ကမ်းလှမ်းထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၄၉ ရာခိုင်နှုန်းစီ အချိုးကျ ပါဝင်ပြီး နှစ်နိုင်ငံ အစိုးရများ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ကာ လာမည့် ၂၀၁၅ ခုနှစ်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဇုန်ပြင်ပရှိ တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် ဆိပ်ကမ်း၊ လမ်းနှင့်တံတား တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သည့် Off-site Infrastructures၊ ဇုန်အတွင်းရှိ ရေသန့်စနစ်၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့်စနစ်များ ပါဝင်သည့် On-site Infrastructures များ တည်ဆောက်ရေး လုပ်ငန်းတွင် ကာလရှည် အတိုးနှုန်းနိမ့် (ODA) ချေးငွေဖြင့် ကူညီမှုပေးရန် ကမ်းလှမ်းထားသည်၊၊ သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံမှ အစိုးရနှင့် လုပ်ငန်းရှင်များ ပါဝင်သည့် Joint Venture Developer ကုမ္ပဏီတစ်ခုစတင်တည် ထောင်သွားမည်ဖြစ်သည်။

အဆိုပါ Developer ကုမ္ပဏီကို အများပိုင် ကုမ္ပဏီတစ်ခု အနေဖြင့် တည်ထောင် လုပ်ကိုင်သွားရန် စီစဉ်ထားပြီး အခြားနိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း အဆိုပါ Developer ကုမ္ပဏီတွင် ပါဝင်နိုင်ရန် ခွင့်ပြုသွားမည်ဟု သိရသည်။ မြေဧက ၅၀၀၀ ခန့်ရှိမည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား Class A၊ Class B ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားတည်ဆောက်သွားရန် စီစဉ်ထားပြီး Class A တွင် High Technology Industry များကို တည်ဆောက်သွားမည်ဖြစ်ပြီး Class B တွင် Labour Intensive Industry တည်ဆောက်လုပ်ကိုင် သွားမည်ဖြစ်သည်။ 

သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ မြန်မာအစိုးရ ဆောက်လုပ်ထားသော သီလ၀ါဆိပ်ကမ်း အနီးဝန်းကျင်ကို တွေ့ရစဉ်


Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >> Eleven Media Group<< Thank

သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ မြန်မာအစိုးရ ဆောက်လုပ်ထားသော သီလ၀ါဆိပ်ကမ်း အနီးဝန်းကျင်ကို တွေ့ရစဉ်
Wednesday, 27 March 2013

သီလ၀ါအထူးစီးပွားရေးဇုန်တွင်ဂျပန်နိုင်ငံ၏အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဆိပ်ကမ်း ဆောက်
လုပ်ရန် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဦးဆောင်
ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောသည်။
“သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေ နဲ့ ဆိပ်ကမ်းတိုးချဲ့ လုပ်ကိုင်ဖို့ ရှိပါတယ်။ ဂျပန်က (ODA) ချေးငွေ ရယူပြီးဆောင်ရွက်ဖို့ အခုလအတွင်း သဘောတူလက်မှတ် ရေးထိုးဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် ၃၇ ကွက် အနက် မြေကွက်ငါးကွက်ကို
မန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်သွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် အထူးစီး
ပွားရေးဇုန် စီမံကိန်းတစ်ခုလုံးတွင် ပါဝင်သည့် လုပ်ငန်းများအားလုံးကို ကာလရှည် အတိုးနှုန်းနိမ့် (ODA)
 ချေးငွေဖြင့် ကူညီရန် ကမ်းလှမ်းထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်
ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၄၉ ရာခိုင်နှုန်းစီ အချိုးကျ ပါဝင်ပြီး နှစ်နိုင်ငံ အစိုးရများ ပူးပေါင်းပါဝင် ဆောင်
ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ကာ လာမည့် ၂၀၁၅ ခုနှစ်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဇုန်ပြင်ပရှိ တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် ဆိပ်ကမ်း၊ လမ်းနှင့်တံတား တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သည့် Off-site Infrastructures၊ ဇုန်အတွင်း
ရှိ ရေသန့်စနစ်၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့်စနစ်များ ပါဝင်သည့် On-site Infrastructures များ တည်
ဆောက်ရေး လုပ်ငန်းတွင် ကာလရှည် အတိုးနှုန်းနိမ့် (ODA) ချေးငွေဖြင့် ကူညီမှုပေးရန် ကမ်းလှမ်းထား
သည်၊၊ သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံမှ အစိုးရနှင့် လုပ်ငန်းရှင်များ ပါ
ဝင်သည့် Joint Venture Developer ကုမ္ပဏီတစ်ခုစတင်တည် ထောင်သွားမည်ဖြစ်သည်။

အဆိုပါ Developer ကုမ္ပဏီကို အများပိုင် ကုမ္ပဏီတစ်ခု အနေဖြင့် တည်ထောင် လုပ်ကိုင်သွားရန် စီစဉ်ထား
ပြီး အခြားနိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း အဆိုပါ Developer ကုမ္ပဏီတွင် ပါဝင်နိုင်
ရန် ခွင့်ပြုသွားမည်ဟု သိရသည်။ မြေဧက ၅၀၀၀ ခန့်ရှိမည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား Class A၊ Class B ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားတည်ဆောက်သွားရန် စီစဉ်ထားပြီး Class A တွင် High Technology Industry များကို တည်ဆောက်သွားမည်ဖြစ်ပြီး Class B တွင် Labour Intensive Industry တည်ဆောက်လုပ်
ကိုင် သွားမည်ဖြစ်သည်။



Eleven Media Group,RND:27.3.2013
Rangonnewsdaily

0 comments:

Post a Comment