![]() |
နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ××
မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးမယ်။
ပြည်ထောင်စုပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည်စည်းလုံးမှုကို ပြိုကွဲစေမယ်၊ ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိပါးစေမယ့် လုပ်ဆောင်မှု တွေကို ပြုလုပ်မယ်ဆိုရင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတဲ့ ဒို့ တပ်မတော်က ကာကွယ်သွားမှာပဲဖြစ်တယ်။ ×××
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေးနဲ့ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနဲ့ အတူ ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်တယ်။××
နိုင်ငံတော်ကာကွယ်ရေးမှာ အသက်ခန္ဓာတွေကိုပေးအပ်ပြီး ထမ်းဆောင်နေကြရတဲ့ တပ်မတော်က လည်း ငြိမ်းချမ်းရေးကို ပိုပြီး ဖြစ်ပေါ်စေချင်ပါတယ်။××
မိမိတို့ လိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက်လုပ်ဆောင်သွားကြရမယ်။ ×× ဒို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ်မှန်ကန်စွာရှင်သန်ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေကို ပြည်သူပြည်သား တွေနဲ့ အတူ ဒို့တပ်မတော်သားတွေလည်း ခံစားကြရမှာဖြစ်တယ်။ ×××
ဒို့တပ်မတော်အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော်ထာဝရတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ တာဝန်ကျရာအခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်။ ××
ဒို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး
သိရှိလိုက်နာဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် ဒို့တပ်မတော်ဟာ
ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့
စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူတယ်။×××
လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုတာ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်။ ××
လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း
ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အတွက်
အင်အားတောင့်တင်းတဲ့တပ်မတော်ဖြစ်အောင် ကြိုးပမ်းရမယ်××
(ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏၆၈နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့)
Ye Htut
Myanmar News Update
နိုင်ငံတော်ကာကွယ်ရေးမှာ အသက်ခန္ဓာတွေကိုပေးအပ်ပြီး ထမ်းဆောင်နေကြရတဲ့ တပ်မတော်က လည်း ငြိမ်းချမ်းရေးကို ပိုပြီး ဖြစ်ပေါ်စေချင်ပါတယ်။××
မိမိတို့ လိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေ
ဒို့တပ်မတော်အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော်ထာဝရတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်
ဒို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် ဒို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူတယ်။×××
လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုတာ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်။ ××
လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အတွက် အင်အားတောင့်တင်းတဲ့တပ်မတော်ဖြစ်အောင် ကြိုးပမ်းရမယ်××
(ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင
Ye Htut
Myanmar News Update
![]() |
![]() |
![]() |
![]() |
![]() |
၆၈ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်(လေ)မှ |
0 comments:
Post a Comment