နတ္တလင်းမှ အကြမ်းဖက်သမားများရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရသော အစ္စလာမ် ဘာသာဝင် ၇၄ ဦးအား သံဃာတော်များမှ ဦးဆောင်ကာ ရန်ကုန်သို့ ယနေ့ ခေါ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့ ရောင်နက်ဗလီတွင် ထားရှိ ထားသည်ဟု သိရသည်။ အဆိုပါ ဒုက္ခသည်များအား မင်္ဂလာတောင်ညွန့်မှ သံဃာတော်များနှင့်၈၈
မျိုးဆက် ကျောင်းသား များမှ ရောင်နက်ဗလီအတွင်း ထားရှိ၍ဆေးဝါးကုသမှုများ ယခု ပြုလုပ်ပေးနေသည့် အချိန်တွင်မြို့နယ်ရဲတပ်ဖွဲ့မှူးမှဒီဒုက္ခသည်တွေကိုဘယ်သူ့အမိန်ဖြင့်ခေါ်ဆောင်လာသနည်းဟု မေးမြန်းကာ
ပြဿနာလုပ်နေကြောင်းသိရှိရသည်။ အဆိုပါ နေရာတွင် မီဒီယာသမားများလည်း ရှိသည်ဟု သိရပါသည်။
Rangonnewsdaily
Kolatt(PBDN):28.3.2013
Kolatt(PBDN):28.3.2013
0 comments:
Post a Comment