မိတ္ထီလာဖြစ်စဉ်အပြီးမန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနဲ့ပဲခူတိုင်းဒေသကြီးအတွင်းက
အကြမ်း
ဖက်ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း၊
မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်
ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။မိတ္ထီလာမြို့ ရွှေ
ဆိုင်အရောင်းအ၀ယ်မှစတင်ဖြစ်ပေါ်ခဲ့တဲ့ဘာသာရေးနဲ့
လူမျိုးရေးပုံစံ အဓိကရုဏ်းတွေ ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး အိုးသည်ကုန်းမြို့မှာ ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လာရောက်ဟောပြောမှု
တွေဖြစ်ပွားပြီး တဲ့နောက်မှာ အဲဒီဒေသတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပဲခူး
တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောပါတယ်။
ဘာသာရေးအစွန်းရောက်လို့ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတဲ့ အမှတ်အသားတွေ တွေ့နေရ
တယ်လို့ ပဲခူးတိုင်း ဒေသခံတွေက ဆိုပါတယ်။ဆူပူအကြမ်းဖက်မှုတွေ မစတင်ခင်မှာ စာရွက်ဖြန့်ဝေမှုတွေ၊ အစ္စလမ်ဘာသာဝင်တွေရဲ့
ပိုင်ဆိုင်မှု အိုးအိမ်ဆိုင်ခန်းတွေနဲ့ ဗလီတွေဖျက်ဆီးပြီးတဲ့အခါမှာ
ချန်ထားရစ်ခဲ့တဲ့ အမှတ်အသား တံဆိပ်တွေအရ ဘာသာရေး အစွန်းရောက်တွေ
ပါဝင်နေတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ် မှ
တွဲဘက်အတွင်းရေးမှူး ဦးမင်း
သူရက ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ၉၆၉
အမှတ်တံဆိပ်ပါ စာရွက်စတစ်ကာတွေ၊ ဘာသာခြား ဆန့်ကျင်ရေး အဓိက ဦးတည်တဲ့
တရားခွေတွေ မြို့တွင်းအထိ လာရောက်ဝေငှခဲ့မှုတွေဖြစ်ပေါ်ခဲ့တ ယ်လို့ ဆိုပါတယ်။
"မတ်လ၂၃ ရက်နေ့ မှာ ၉၆၉ စတစ်ကာ စာရွက်တွေ လာဝေတယ်။ ဝေတဲ့အထဲမှာ သက်ဆိုင်ရာ
ရပ်ကွက်
အုပ်ချုပ်ရေးက လူတွေ တချို့လူတွေ လည်းပါတယ်။ အချို့လူတွေက ဒီဟာကို
ဘာမှန်းမသိဘဲ တဆင့် ဖြန့်
ဝေတာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီဖြစ်စဉ်တွေမှာ သူတို့ ပါတယ်လို့ စွပ်စွဲတာမဟုတ်ဘူး။ ဒီဟာ
က ဘာသာရေး
ဖြစ်တဲ့အခါကျတော့ တဆင့်ပြန်ဝေခိုင်းရင်းနဲ့ ကျယ်ပြန့်လာတယ်။
နောက်ဆုံးရွာတွေထိကို မိတ္တူကူး၊ ခွေတွေ ကူးပြီး ကျယ်ပြန့်လာတယ်"လို့
ဦးမင်းသူရက ဆိုတယ်။
By The Irrawaddy (Burmese Version), Rangonnewsdaily
Kolatt(PBDN):29.3.2013
Kolatt(PBDN):29.3.2013
0 comments:
Post a Comment