skip to main |
skip to sidebar
အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့ ( မတ်လ ၂၈၊ ၂၀၁၃ ည ၁၁း၀၀)
12:31 AM
Kolatt
မတ်လ ၂၈၊ ၂၀၁၃
ယနေ့ ည(၁၁)နာရီ ၁၀မိနစ် အချိန်တွင် ပဲခူးတိုင်း ၊ မင်းလှမြို့တွင်
အကြမ်းဖက်တိုက်ခိုက်မှုကြောင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို ဒေသခံ
သံဃာလေးပါး နှင့် ဗုဒ္ဓဘာသာဝင် တချို့တို့မှ ကယ်ထုတ်လာ၍ ရန်ကုန်မြို့ ရှိ
ဗလီဝတ်ကျောင်းတော် တခုသို့ လာရောက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရာ-“ အခုပဲ မင်းလှ ကနေ
ကားနှစ်စီး ရှေ့ဆင့် နောက်ဆင့် ၀င်လာပါတယ်။ပထမ ကားမီနီဘက်စ် ကားအကြီးပေါ်မှာ
ကလေးတွေရယ်၊ အမျိုးသမီးတွေရယ် အများစုပါလာတယ်။ဦးဇင်းတစ်ပါးက ဦဆောင်
ခေါ်လာပေးတယ်။
နောက် တစ်စီးမှာလည်း ကလေးတွေရယ် ၊မိန်းကလေးတွေရယ် က အများစုပဲ
အဲဒီ့ ကားထဲမှာတော့ ဦးဇင်း သုံးပါးရယ်၊ ဗုဒ္ဒဘာသာဝင် အမျိုးသမီး
တစ်ယောက်ရယ် က လိုက်ပို့ပေးကြတာပါ။ကားမောင်းတဲ့
ဒါရိုက်ဘာ ဦးလေးကြီးတွေကလည်း ဗုဒ္ဓဘာသာဝင်တွေပါ” ဟု ဒုက္ခသည်များကို
လက်ခံရာ ဗလီဝတ်ကျောင်းတော် အနီး နေထိုင်သူ ပြည်သူ တစ်ဦးမှ M-Media
သို့ပြောသည်။
“ဟောခုပဲဟိုင်းလက် ကားတစ်စီး
ထပ်ဝင်လာပါတယ်။အယောက် (၃၀) နီးပါး ပါလာတယ်။ကားပေါ်မှာလည်း ထမင်းထုတ်လေးတွေ
ချိတ်ထားတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ M-Media သို့ပြောကြားသည်။
M-Mediaသတင်း- ၀ါးပင်လေးRangonnewsdaily
Kolatt(PBDN):28.3.2013
0 comments:
Post a Comment