Pages

Friday, March 29, 2013

ပုဒ်မ ၁၄၄ ထုတ်ထားသော ဇီးကုန်းမြို့ လုယက်မှုများ ဆက်လက်ဖြစ်ပွားနေ (မတ်လ ၂၉၊ ၂၀၁၃ (နံနက် ၉း၁၅ - နာရီ))

ပုဒ်မ ၁၄၄ ထုတ်ထားသော ဇီးကုန်းမြို့ လုယက်မှုများ ဆက်လက်ဖြစ်ပွားနေ 
==============
မတ်လ ၂၉၊ ၂၀၁၃ (နံနက် ၉း၁၅ - နာရီ)
M-Media

မတ်လ ၂၇ ရက်နေ့က ဇီးကုန်းမြို့တွင် မတရား ရက်စက်စွာ အကြမ်းဖက်ဖျက်ဆီးမှုခံရသော ဇီးကုန်းမြို့မှမွတ်စလင်မ်များသည် ဇီးကုန်းမှ ၂-မိုင်ခန့်ဝေးသော
လယ်မအုပ်စု ကျွဲခြံရွာသို့ သွားရောက် ခိုလှုံနေကြရသည်။

ယမန်နေ့က နိုင်ငံတော် သမ္မတမိန့်ခွန်းပြောပြီး ယနေ့ ၂၉-ရက်နေ့ နံနက် (၉း၁၅နာရီ)တွင် မွတ်စလင်မ်များ ထွက်ပြေးတိမ်းရှောင်နေသည့် ကျွဲခြံရွာသို့ အကြမ်းဖက်အုပ်စု ရောက်ရှိလာပြီး မွတ်စလင်မ်များပိုင် ပစ္စည်းများ ကျပ်သိန်း ၃၀ ဖိုးခန့်ကို အဓမ္မလုယက်ဖျက်စီးခဲ့ကြောင်း သိရသည်။ ၄င်း ပစ္စည်းများသည် အလယ်တန်းပြ မွတ်စလင်မ်ဆရာမ ဒေါ်ခင်ထွေးမူနှင့် ၎င်းမိသားစုတို့ ပိုင်ဆိုင်သော ပစ္စည်းများဖြစ်ပြီး အကြမ်း ဖက်မှုများကို စိုးရိမ်သဖြင့် ၄င်းရွာရှိ အသိ လက်သမား ဦးတင်စိန်ဆီသို့ လွန်ခဲ့သည့် ၁၀-ရက်ခန့်က ကြိုတင်ပို့ဆောင်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်၊ရေခဲသေတ္တာ၊ တီဗီနှင့် အခြားသောအဖိုးတန်ပစ္စည်းများစွာ ပါဝင်သည်။

ဆရာမ ဒေါ်ခင်ထွေးမူတို့မှာ အစိုးရကျောင်းဆရာ/မ မိသားစုများဖြစ်ကြပြီး ၎င်းတို့ မိသားစုတွင် အလယ်တန်းပြ ၅ ဦးနှင့် အထက်တန်းပြ ၁ ဦးတို့ပါဝင်သည်။ ၎င်းတို့သည် ဇီးကုန်းမြို့ပတ်ဝန်းကျင်တွင် ဗုဒ္ဓဘာသာ ကလေးငယ်များကို အနစ်နာခံ စာသင်ကြားပေးနေသူများဖြစ်ကြသည်။ ယခုအခါ ဇီးကုန်းမြို့ရှိ ၄င်းတို့အိမ်များပျက်စီးရုံမက ၄င်းတို့၏ကျောင်းစိမ်း ၀တ်စုံများကိုလည်း နင်းချေစုတ်ဖြဲထားရာ စာသွားသင်ဖို့ပင် ကျောင်းစိမ်းအင်္ကျီ မရှိတော့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ထားသည့်ကြားက ယခုလိုအကြမ်းဖက်လုယက်မှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့က ဇီးကုန်းမြို့တွင် မတရား ရက်စက်စွာ အကြမ်းဖက်ဖျက်ဆီးမှုခံရသော ဇီးကုန်းမြို့မှ
မွတ်စလင်မ်များသည် ဇီးကုန်းမှ ၂-မိုင်ခန့်ဝေးသောလယ်မအုပ်စု  လယ်မအုပ်စု ကျွဲခြံရွာသို့ သွားရောက် ခို
လှုံနေကြရသည်။ယမန်နေ့က နိုင်ငံတော် သမ္မတမိန့်ခွန်းပြောပြီး ယနေ့ ၂၉-ရက်နေ့ နံနက် (၉း၁၅နာရီ)တွင် မွတ်စလင်မ်များ ထွက်ပြေးတိမ်းရှောင်နေသည့် ကျွဲခြံရွာသို့ အကြမ်းဖက်အုပ်စု ရောက်ရှိလာပြီး မွတ်စလင်မ်များပိုင် ပစ္စည်းများ ကျပ်သိန်း ၃၀ ဖိုးခန့်ကို အဓမ္မလုယက်ဖျက်စီးခဲ့ကြောင်း သိရသည်။ ၄င်း ပစ္စည်းများသည် အလယ်တန်းပြ မွတ်စလင်မ်ဆရာမ ဒေါ်ခင်ထွေးမူနှင့် ၎င်းမိသားစုတို့ ပိုင်ဆိုင်သော ပစ္စည်းများဖြစ်ပြီး အကြမ်း ဖက်မှုများကို စိုးရိမ်သဖြင့် ၄င်းရွာရှိ အသိ လက်သမား ဦးတင်စိန်ဆီသို့ လွန်ခဲ့သည့် ၁၀-ရက်ခန့်က ကြိုတင်ပို့ဆောင်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်၊ရေခဲသေတ္တာ၊ တီဗီနှင့် အခြားသောအဖိုးတန်ပစ္စည်းများစွာ ပါဝင်သည်။

ဆရာမ ဒေါ်ခင်ထွေးမူတို့မှာ အစိုးရကျောင်းဆရာ/မ မိသားစုများဖြစ်ကြပြီး ၎င်းတို့ မိသားစုတွင် အလယ်တန်းပြ ၅ ဦးနှင့် အထက်တန်းပြ ၁ ဦးတို့ပါဝင်သည်။ ၎င်းတို့သည် ဇီးကုန်းမြို့ပတ်ဝန်းကျင်တွင် ဗုဒ္ဓဘာသာ ကလေးငယ်များကို အနစ်နာခံ စာသင်ကြားပေးနေသူများဖြစ်ကြသည်။ ယခုအခါ ဇီးကုန်းမြို့ရှိ ၄င်းတို့အိမ်များပျက်စီးရုံမက၄င်းတို့၏ကျောင်းစိမ်းဝတ်စုံများကိုလည်းနင်းချေစုတ်ဖြဲထားရာ စာသွားသင်ဖို့
ပင် ကျောင်းစိမ်းအင်္ကျီ မရှိတော့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ထားသည့်ကြားက ယခုလိုအကြမ်းဖက်လုယက်မှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။
 
M-Media, Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment