Pages

Friday, March 29, 2013

ဘာသာရေးလူမျိုးရေး မခွဲခြားမှုမရှိသော လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်စကား

“ကျွန်တော်တို့ တိုင်းပြည်မှာ အလောင်းဘုရားလက်ထက်ကတည်းက မူဆလင်တွေ ရှိတယ်၊ ဘရင်ဂျီတွေရှိတယ်၊ အစတုန်းကရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေ ရှိတယ်၊ အဲသည် တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက အချို့ခရစ်ယန်တွေဖြစ်ပြီး၊ အရိုးစွဲနေကြတာရှိတယ်။ သူတို့တတွေဟာ အားလုံး နိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည့် မဟုတ်ဘူး၊ သူတို့တတွေပါကြတယ်။

ယခုကျွန်တွင်းက လွတ်မည် မကြံသေးဘူး၊ သူတို့တတွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့ လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမည်လို့ လုပ်လိုက်လျင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံး မကျတဲ့ အကောင်တွေ ဖြစ်သွား ကြမှာပါဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ၊ ဘာသာရေးတွေ ဘာတွေ ညာတွေ လုပ်မနေစမ်းပါနှင့် ကျွန်တော်တို့ဟာ တိုင်းပြည်တခုလုံး စည်းလုံးကြဘို့လိုတယ်။”

(ဗိုလ်ချုပ်အောင်ဆန်း)

ဘာသာရေး ကိုင်းရှိုင်းသော ဒီးဒုတ်ဦးဘချိုမှ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းဖို့ ပြောရာတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အထက်ပါ စကားကို ပြောခဲ့ပါသည်။

ကိုးကား။ ဒီးဒုတ်ဂျာနယ် အတွဲ ၂၁ နံပါတ်၇/၄ သြဂုတ် ၁၉၄၇ စာ ၂၁။

M-Media, Rangonnewsdaily
Kolatt(PBDN):29.3.2013 

0 comments:

Post a Comment

world time