Pages

Friday, March 29, 2013

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒေါပုံမြို့နယ်၌ အမျိုးသမီးတစ်ဦးမှ အကြမ်းဖက်ဆူပူရန် လှုံ့ဆော်မှုတစ်ခုဖြစ်ပွား

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒေါပုံမြို့နယ်၌ အမျိုးသမီးတစ်ဦးမှ အကြမ်းဖက်ဆူပူရန် လှုံ့ဆော်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရပ်ကွက်နေပြည်သူများမှ အချိန်မီဟန့်တား ဖမ်းဆီးနိုင်ခဲ့ကြောင်း PDK မှ သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ
ဒေါပုံမြို့နယ်ရှိ ရပ်ကွက်အသီးသီးတွင် လုံခြုံရေးအတွက် လူငယ်များမှ ညကင်းစောင့်နေစဉ် အမျိုးသမီးတစ်ဦးမှ ဆူပူလှုံ့ဆော်ပြီး ကုလားများအား အော်ဟစ်ဆဲဆိုခဲ့ကြောင်း ကင်းစောင့်လူငယ်များမှ သွားရောက်တားမြစ်ရာ ထွက်ပြေးခဲ့သဖြင့် ရပ်ကွက်အတွင်းရှိ ဗုဒ္ဒဘာသာနှင့် အစ္စလာမ်ဘာသာဝင်များမှ ၀င်ရောက်ဟန့်တာဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသမီးအား ဖမ်းဆီးရရှိခဲ့ကြောင်း ထို့နောက် သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားရာ တာဝန်ကျ ရဲအရာရှိများက လာရောက် ဖမ်းဆီးသွားကြောင်းသိရှိရသည်။

 ဒေါပုံမြို့နယ်တွင် ဆူပူရန်လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခြင်းမှာ ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း၊ လှုံ့ဆော်သူအား ဖမ်းဆီးမိခြင်းမှာလည်း ရပ်ကွက်နေ ဘာသာပေါင်းစုံလူမျိုးများ၏ စည်းလုံးမှုကြောင့်ဖြစ်ကြောင်း အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တစ်ဦးက PDK သို့ပြောကြားသွားပါသည်။

People Development For Knowledge's,Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:

Post a Comment